ဘက်ဂ်ဒါဒီရဲ့ ဇနီ

November 7, 2019

သေဆုံး အိုင်အက်စ်ခေါင်းဆောင်၏ ဇနီးကို ဖမ်းမိဟု တူရကီပြော

သေဆုံးသွားတဲ့ အိုင်အက်စ်ခေါင်းဆောင် ဘက်ဂ်ဒါဒီရဲ့ ဇနီးကို ဖမ်းမိထားတယ်လို့ တူရကီ သမ္မတ အာဒိုဂန်က နိုဝင်ဘာ ၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဘက်ဂ်ဒါဒီရဲ့ဇနီး ဖမ်းမိတယ်ဆိုတာကို ဘက်ဂ်ဒါဒီ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး တပတ်ကျော်မှာ အာဒိုဂန်က ပြောလိုက်တာပါ။  ဒီသီတင်းပတ် အစောပိုင်းပိုင်းကလည်း ဘက်ဂ်ဒါဒီရဲ့ အစ်မ၊ သူ့ခင်ပွန်းနဲ့ ချွေးမတို့ကို  ဖမ်းမိခဲ့တယ်လို့ တူရကီအစိုးရအရာရှိတဦးက ပြောပြီး သူတို့တွေဆီကနေ အိုင်အက်စ် အတွင်းသတင်းကို ရနိုင်မယ်လို့ တူရကီ အရာရှိကပြောပါတယ်။  ဘက်ဂ်ဒါဒီရဲ့ဇနီး ဖမ်းဆီးရရှိတဲ့ စစ်ဆင်ရေးကို ၂၀၁၈ ခုနှစ် ဇွန် ၂ ရက်နေ့မှာ လုပ်ခဲ့တယ်လို့  တူရကီ အရာရှိက ရှင်းပြပါတယ်။   အဲဒီတုန်းက တူရကီနိုင်ငံဟာ တိုင်းပြည်နယ်မှာ အိုင်အက်စ်အဖွဲ့တရားခံ ၁၁ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။   အဲဒီစစ်ဆင်ရေးအတွင်း ဖမ်းမိတဲ့ အမျိုးသမီး ၄ ယောက်ထဲကတဦးဖြစ်သူက သူ့ကိုယ်သူ တခြားတဦးလို့ ပြောပေမယ့် အဲဒီအမျိုးသမီးဟာ ဘက်ဂ်ဒါဒီရဲ့ ပထမဇနီး  အက်စ်မယ် ဖော်ဇီ မိုဟာမက်ဒယ် ကော်ဘယ်ဇီ ဖြစ်တယ်လို့ တူရကီအရာရှိက ပြောခဲ့ပါတယ်။ 
2 years Ago
Up