ဘက်ထရီပျက်စီး

July 16, 2015

ကမ္ဘာတပတ်ပျံမည့် ဆိုလာလေယာဉ် ဘက်ထရီပျက်စီး၊ ၉ လ နားရမည်

နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်နဲ့ ကမ္ဘာတပတ် စမ်းသပ်ပျံသန်းမှု ခရီးစဉ်ဟာ အမေရိကန် ပြည်ထောင်စု ဟာဝိုင်ယီရောက်ပြီး လေယာဉ်ဘက်ထရီတွေ ပျက်စီးသွားလို့ ခရီးစဉ်ကို အနည်းဆုံး ၉ လ နားရမယ်လို့ လေယာဉ်အဖွဲ့က ဇူလိုင် ၁၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်တစီးအတွက် အဝေးဆုံး ခရီးစဉ်ဖြစ်တဲ့ ဂျပန်နိုင်ငံ နာဂိုယာမြို့ကနေ ဟာဝိုင်ယီအထိ ခရီးစဉ်မှာ လေယာဉ်ဘက်ထရီ ၄ လုံး ပျက်သွားတာ ဖြစ်ပါတယ်။ အဲဒီခရီးစဉ်ဟာ  ၅ ရက်၊ ၅ ညနဲ့ နာရီပေါင်း ၁၁၈ နာရီ ကြာမြင့်ခဲ့ပြီး ၇ ဆင့်မြောက်ခရီးစဉ် ဖြစ်ပါတယ်။ ဘယ်ထရီအိုးတွေ ပျက်စီးသွားတာဟာ နည်းပညာ အားနည်းချက်ကြောင့် မဟုတ်ဘဲ လေယာဉ်ရဲ့ နည်းပညာထောက်ပံ့အဖွဲ့ရဲ့ ရာသီဥတု အပြောင်းအလဲက တွက်ချက်မှု မှားယွင်းသွားလို့ နည်းပညာ အကူထောက်ပံ့ရေးအဖွဲ့က အလေးအနက်ထား ပြောဆိုပါတယ်။ အခက်ခဲဆုံး၊ အချိန်အကြာဆုံးနဲ့ ခရီးအဝေးဆုံး ဟာဝိုင်ယီခရီးစဉ်မှာ နာဂိုယာလေဆိပ်က အတက် ဘက်ထရီတွေ အပူလွန်ကဲပြီး ပျက်စီးသွားတာလို့ နည်းပညာအကူအဖွဲ့က ပြောပါတယ်။ ဒါပေမယ့်လည်း လေယာဉ်မှူးက ဟာဝိုင်ယီရောက်တဲ့အထိ ၅ ရက်နဲ့ ၅ ညလုံးလုံး အဆက်မပြတ် ပျံသန်းခဲ့ပြီး အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့တာပါ။ ဟာဝိုင်ယီကနေ နောက်တဆင့်ဖြစ်တဲ့ အရီဇိုးနားပြည်နယ် ဖီးနစ်မြို့အထိ ၄ ရက်၊ ၄ ည ခရီးစဉ်ကိုတော့ လာမယ့်နှစ် ဧပြီလကုန်နဲ့ မေလဆန်းမှ ပြန်စတင်နိုင်မယ်လို့ လေယာဉ်အဖွဲ့က ထုတ်ပြန် ပြောဆိုထားပါတယ်။
6 years Ago
Up