ဘက်ဇင်စကီး

July 28, 2019

ဘက်ဇင်စကီးကို မြန်မာလက်ဝှေ့အရသာသိအောင် အလဲထိုးမည်ဟု ဒေ့ဗ်ပြော

ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာလက်ဝှေ့ (WLC-9) ပြိုင်ပွဲမှာ ပြိုင်ဘက် ဘက်ဇင်စကီးကို မြန်မာလက်ဝှေ့ရဲ့ အရသာသိအောင် အလဲထိုး အနိုင်ယူသွားမယ်လို့ ဒေ့ဗ်လက်ဒက်က ကြုံးဝါးပြောဆိုလိုက်ပါတယ်။ ဇူလိုင် ၂၇ ရက်က ပြုလုပ်ခဲ့တဲ့ မီဒီယာတွေနဲ့ တွေ့ဆုးပွဲအပြီးမှာ ဒေ့ဗ်ကပြောကြားသွားခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းကို အနိုင်ရခဲ့ဖူးတဲ့ ကနေဒါနိုင်ငံသား ဒေ့ဗ်ဟာ အမေရိကန်နိုင်ငံသား ဘက်ဇင်စကိး နဲ့ လာမယ့် သြဂတ် ၂ ရက်နေ့ မန္တလေးမြို့မှာ ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။ King of Nine Limbs လို့ အမည်ပေးထားတဲ့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ပွဲစဉ်မှာ Cruiser Weight တန်း ချန်ပီယံရွှေခါးပတ်လုပွဲအဖြစ် ဒေ့ဗ်နဲ့ ဘက်ဇင်စကီးတို့ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်။ ဒေ့ဗ် နဲ့ ထိုးသတ်မယ့် အသက် ၃၈ နှစ်ရှိ UFC ကစားသမားဟောင်း ဘက်ဇင်စကီးဟာ အရပ် ၆ ပေ ၃ လက်မရှိပြီး ၂၁ ပွဲနိုင် ၁၀ ပွဲရှုံး ရလဒ်ရရှိထားပါတယ်။ အခုပြိုင်ပွဲမှာ စုစုပေါင်းတွဲဆိုင်း ၉ ဆိုင်းပါဝင်မှာဖြစ်ပြီး လိုက်မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်လုပွဲအဖြစ် ပိုလန်က ဆာလာဒက်နဲ့ ယူကရိန်းကမွိုင်စာတို့ ထိုးသတ်မှာဖြစ်သလို ဗီယက်နမ်က ဒမ်နက် နဲ့ မလေး ရှားက ဆာကီ၊ အမျိုးသမီးပွဲစဉ်အဖြစ် ပြင်သစ်ကမန်ဖရက်ဒီနဲ့ ကမ္ဘောဒီးယားက ရာနက် တို့ တွဲဆိုင်းတွေလည်းပါဝင်ပါတယ်။ မြန်မာတွဲဆိုင်းတွေမှာတော့ မိုက်ရိုင်းက ထိုင်းက အိုတော့ပ်၊ ဟိန်းသူအောင်နဲ့ လင်းထက်အောင်၊ စိုင်းမောင်မောင်နဲ့ ထက်နိုင်အောင်၊ အောင်ပိုင်နဲ့ ပိုင်သက်အောင်၊ စောအယ်ကလူးနဲ့ စောလင်းလင်းတို့ တွဲဆိုင်းတွေလည်း ပါဝင်ထိုးသတ်ကြမှာဖြစ်ပါတယ်။
2 years Ago
Up