ဘက်ခမ်းဦးဆောင်သည့် ဗြိတိန်အကောင်းဆုံးအသင်း ၃-၁ ကမ္ဘာ့အကောင်းဆုံးအသင်း (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

November 15, 2015

ဘက်ခမ်းဦးဆောင်သည့် ဗြိတိန်အကောင်းဆုံးအသင်း ၃-၁ ကမ္ဘာ့အကောင်းဆုံးအသင်း (ရုပ်သံဟိုက်လိုက်)

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က ဦးစီးကျင်းပတဲ့ ဗြိတိန်အကောင်းဆုံး အသင်းနဲ့ ကျန်ကမ္ဘာ့အကောင်းဆုံးအသင်းတို့ နိုဝင်ဘာ ၁၄ ရက်နေ့က ယှဉ်ပြိုင်တဲ့ဘောလုံးပွဲမှာ နာမည်ကျော် ဒေးဗစ်ဘက်ခမ်း ဦးဆောင်တဲ့ ဗြိတိန်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဗြိတိန်အသင်းကို မန်ယူနည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်က နည်းပြအဖြစ် တာဝန်ယူပြီး ကမ္ဘာ့အကောင်းဆုံး ၁၁ ယောက်အသင်းကိုတော့ အေစီနဲ့ ရီးရဲလ်နည်းပြဟောင်း အန်ဆယ်လော့တီက တာဝန်ယူကိုင်တွယ်သွားတာဖြစ်ပါတယ်။ ဒီပွဲကို မန်ယူအသင်းရဲ့ အိုးထရက်ဖို့ ကွင်းမှာ ယှဉ်ပြိုင်ကြပြီး ဗြိတိန်အသင်းမှာ ဘက်ခမ်း၊ ဂစ်၊ စခိုး၊ နဗီး၊ နစ်ကီဘတ်၊ ဖလက်ချာ၊ အိုဝင် စတဲ့ မန်ယူကစားသမား အများစု ပါဝင်ခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံးအသင်းမှာတော့ ဦးဆောင်ကစားမယ့် ဇီဒန်း မပါဝင်နိုင်ခဲ့ဘဲ ဖီဂို၊ ရော်နယ်ဒင်ဟို၊ ဆီးဒေါ့ဖ်၊ ဗန်ဒါးဆား၊ ကလွိုက်ဗက်၊ ပတ်ဂျီဆန်၊ ကာဖူး၊ ပီရက်ဇ်၊ ဆိုးရှား စတဲ့ နာမည်ကျော်ကစားသမားတွေ ပါဝင်ပါတယ်။ ပွဲကစားချိန် ၁၁ မိနစ်မှာပဲ ဘက်ခမ်း ကန်တင်ပေးတဲ့ ဘောလုံးကို ပေါစခိုးက ခေါင်းတိုက်ပြီး ဗြိတိန်အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်း ၆၄ မိနစ်မှာ လူစားဝင်ကစားတဲ့ မိုက်ကယ်အိုဝင်က ပေါစခိုး ဖြတ်တင်ပေးတဲ့ ဘောလုံးကို ပိတ်သွင်းပြီး ဗြိတိန်အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ ဒိုနိုဗန် ချပေးတဲ့ဘောလုံးကို ဒွိုက်ယော့ခ်က ပိတ်သွင်းပြီး ကမ္ဘာ့အကောင်းဆုံးအသင်းအတွက် ခြေပဂိုး ၁ ဂိုး ပြန်သွင်းယူပါတယ်။ ပွဲချိန် ၇၅ မိနစ်မှာတော့ ဒေးဗစ်ဘက်ခမ်းအစား သူ့ရဲ့ အကြီးဆုံးသား ဘရွတ်ကလင်း ဘက်ခမ်းက လူစားဝင် ကစားခဲ့တာကလည်း ထူးခြားမှုတခုဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၈၄ မိနစ်မှာတော့ မိုက်ကယ်အိုဝင်ကပဲ ထပ်မံသွင်းယူခဲ့ပြီး ၃ ဂိုး ၁ ဂိုးနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။
5 years Ago
Up