ဗွီဒီယို

A d v e r t i s e m e n t With Us

July 27, 2020

ရုပ်ရှင်နှင့် ဗွီဒီယိုများ ပြန်လည် ရိုက်ကူးနိုင်ပြီ 

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လအတန်ကြာရပ်နားထားခဲ့တဲ့ ရုပ်ရှင်၊ ဗွီဒီယိုတွေ ရိုက်ကူးတာကို ပြန်လည်ခွင့်ပြုလိုက်ပြီလို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ ဇူလိုင် ၂၇ ရက်မှာ ထုတ်ပြန် ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကို တင်ပြခဲ့ပြီးနောက် ကော်မတီက ပြန်လည် အကြောင်းကြားလာခဲ့တာပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံစိတ်ချရဖို့အတွက် ရိုက်ကွင်းတွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်၊ ဗွီဒီယိုနဲ့ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးမယ့်သူတွေအနေနဲ့ ဇာတ်ကားအမည်၊ ရိုက်ကူးမယ့် နေရာ အချိန်နဲ့ လူဦးရေတို့ကို အနည်းဆုံး တပတ်ကြိုတင်ပြီး ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ဆီကို စာရင်းပေးပို့ရမှာဖြစ်ပါတယ်။ ကြော်ငြာ၊ ဇာတ်လမ်းတွဲ၊ MTV သီချင်း၊ ရုပ်ရှင်၊ ဗွီဒီယို ရိုက်ကူးချင်သူများအားလုံး ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲထံ အနည်းဆုံး တစ်ပတ် ကြိုတင် သတင်းပေးပို့ကြဖို့လည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကလည်း အသိပေး ကြေညာထားပါတယ်။ ရုပ်ရှင်ရိုက်ကူးမယ့်သူတွေကို ကျန်းမာရေးဌာနက ဖြန့်ဝေထားတဲ့ လက်စွဲစာစောင်တွေနဲ့ စစ်ဆေးရမယ့်အချက်အလက်တွေကို လုပ်ဆောင်ဖို့၊ ကျန်းမာရေးဆိုင်ရာ လာရောက်စစ်ဆေးတာမှာ ပူးပေါင်းဆောင်ရွက်ဖို့ မှာကြားထားတယ်လို့လည်း ပြန်ကြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
7 months Ago

December 14, 2019

သီလရှင်ဆရာလေးတပါး အလှူရှင်တွေကို ချစ်စဖွယ်ဆုပေးနေတဲ့ ဗွီဒီယို လူကြိုက်များ

သီလရှင်ဆရာလေးတပါးရဲ့ အလှူရှင်တွေကို ချစ်စဖွယ်ဆုပေးနေတဲ့ ဗွီဒီယိုတခုဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ လူကြိုက်များနေပါတယ်။ ဒီဗွီဒီယိုကို Koko Ayelay ဆိုတဲ့ အကောင့်ပိုင်ရှင်က ဖေ့စ်ဘွတ်ခ်မှာ စတင် တိုက်ရိုက် လွှင့်တင်ခဲ့တာဖြစ်ပြီး ကြည့်ရှုသူပေါင်း ၃ သိန်းခွဲလောက်နဲ့ ပြန်ဝေမျှသူပေါင်း ၂ သောင်းခွဲလောက် ရှိနေပါတယ်။ ဒီဗွီဒီယိုကိုပဲ ဖေ့စ်ဘွတ်ခ်သုံးသူတွေက ပြန်ယူတင်ကြပြီး အဲဒီမှာလည်း ကြည့်ရှုသူတွေ အများအပြားစီ ရှိနေတာကို တွေ့ရပါတယ်။ အသက် ၄ နှစ်လောက်ပဲ ရှိဦးမယ့် ဆရာလေးဟာ ‘ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ လိုရာဆန္ဒ ပြည့်ပါစေ၊ ဆတက်ထမ်းပိုး တိုးပွားပါစေ ..’ လို့ မပီကလာနဲ့ ဆုပေးခဲ့တာကြောင့် အလှူရှင်တွေက သဘောကျပြီး ထပ်ကာထပ်ကာ ဆုပေးဖို့လည်း ပြောခဲ့ပါတယ်။ ဆုပေးအပြီး အလှူရှင်တွေက ဆရာလေးပေးတဲ့ ဆုနဲ့ ပြည့်ပါစေဆိုတဲ့အခါ ‘ဟုတ်ကဲ့ ပြည့်ပါစေ ဘဘ’လို့ ပြန်ပြောတာကြောင့် အလှူရှင်တွေက ပြုံးရွှင်ရယ်မော သဘောကျခဲ့ကြပါတယ်။ ပြီးတော့ စောင့်နေတဲ့ သီလရှင်ဆရာလေးတွေဆီကို ပြန်အသွားမှာ သူ့ဘာသာ သဘောကျပြီး ရယ်လိုက်တာကြောင့်လည်း အလှူရှင်တွေက သူ့ကို ပြန်ခေါ်ပြီး ရယ်ပြခိုင်းရတဲ့အထိ သဘောကျစရာ ဖြစ်နေပါတယ်။ သီလရှင်ဆရာလေးရဲ့ ချစ်စဖွယ် ဟန်ပန်ကြောင့် အလှူရှင်တွေက ထပ်မံပြီး လာရောက်အလှူခံဖို့ ဖိတ်ခေါ်နေကြတာကိုလည်း တွေ့ရပါတယ်။
1 year Ago
Up