ဗွီဒီယို ဖန်တီး

March 25, 2017

အင်္ဂါဂြိုဟ်ပုံရိပ်များကို အသုံးပြုပြီး သုံးဘက်မြင်သရီးဒီ ဗွီဒီယို ဖန်တီး (ရုပ်သံ)

ဖင်လန်နိုင်ငံက ရုပ်ရှင်ထုတ်လုပ်သူတယောက်က နာဆာ အာကာသသိပ္ပံကရတဲ့ အင်္ဂါဂြိုဟ်ရဲ့ ပုံရိပ်တွေကို သုံးပြီး အင်္ဂါဂြိုဟ်ပေါ်မှာ ပျံသန်းရင်း မြင်ရတဲ့ပုံစံ ၃ ဘက်မြင် သရီးဒီ ဗွီဒီယိုကို ဖန်တီးလိုက်ပါတယ်။ သူ့ကိုယ်သူ အာကာသကို စိတ်ဝင်စား အားထက်သန်သူလို့ ရည်ညွှန်းတဲ့ ဂျန် ဖရိုယက်မဲန်းရဲ့ ဗွီဒီယိုကို ကြည့်ရှုမှု အကြိမ်ရေ ၃သောင်း ၃ ထောင် ကျော်နေပါပြီ။ သူဟာ သရီးဒီ ရုပ်သံကို ဖန်တီးဖို့ ရုပ်ပုံတွေတွင်း ရည်ညွှန်းမှတ် ၃ သောင်း ၃ ထောင်ကျော်ကို တခုချင်း လက်နဲ့ စီပြီး အချိန်ကုန်ခံ ဖန်တီးခဲ့ရပါတယ်။ ဓာတ်ပုံတွေကိုတော့ နာဆာရဲ့ ပုံရိပ်ပြတ်သားမှု မြင့်မားတဲ့ သိပ္ပံ စမ်းသပ်ခန်းသုံး ကင်မရာကနေ ရိုက်ကူး ရယူထားတဲ့ ဓာတ်ပုံတွေကို သုံးခဲ့တာပါ။
5 years Ago
Up