ဗြိတိသျှ

A d v e r t i s e m e n t With Us

July 1, 2020

ဗြိတိသျှလက်အောက်က ဟောင်ကောင်လွတ်မြောက်သည့်  ၂၃ နှစ်မြောက်နှစ်ပတ်လည်နေ့ ကျင်းပ

တရုတ်ပြည်မကြီးလက်ထဲ ဟောင်ကောင်ကျွန်း ပြန်ရောက်ရှိတဲ့ ၂၃ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဇူလိုင် ၁ ရက်နေ့က ဟောင်ကောင်မှာ ကျင်းပပါတယ်။ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရဲ့ ဂိုးလ်ဒင်းဘော်ဟီနီယာရင်ပြင်မှာ အခမ်းအနား ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံတော်အလံနဲ့ နိုင်ငံတော်သီချင်းတို့ကိုလည်း ဖွင့်ပွဲအခမ်းအနားမှာ ထုတ်လွှင့်ခဲ့ပါတယ်။ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် CPPCC ရဲ့ ဒုဥက္ကဋ္ဌတွေလည်း ဖြစ်ကြတဲ့ ဟောင်ကောင် အုပ်ချုပ်ရေးအကြီးအကဲတွေ ဖြစ်တဲ့ ကာရီလမ်၊ တန်ချီဟွာနဲ့ လျန်ချွန်းယင်၊ အရင် ဟောင်ကောင်အုပ်ချုပ်ရေးမှူးဟောင်း ဆန်ယမ်ကွမ်တို့လည်း အခမ်းအနားကို တက်ရောက်ကြပါတယ်။ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရဲ့ ဗဟိုပြည်သူ့အစိုးရ ဆက်ဆံရေးရုံးညွှန်မှူး လွှာဟီနင်း၊ ဟောင်ကောင်ရဲ့ တရုတ်နိုင်ငံခြားရေးဌာန ကော်မရှင်နာမင်းကြီး ရှီဖန်း၊ ဟောင်ကောင်မှာရှိတဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ ဗိုလ်ချုပ်ကြီးချင်တောက်ရှန်တို့လည်း အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။ ဟောင်ကောင်ကျွန်းဟာ ၁၉၉၇ မှာ ဗြိတိန်လက်အောက်ကနေ တရုတ်ပြည်မကြီးလက်ထဲ ပြန်လည်လွှဲပြောင်းပေးခံခဲ့ရတာ ဖြစ်ပါတယ်။
8 months Ago

April 3, 2020

ဗြိတိသျှ လေကြောင်းလိုင်း ဝန်ထမ်းထောင်ချီ ခေတ္တအနားပေး

ဗြိတိသျှလေကြောင်းလိုင်း BA ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးမှာ ရှင်သန်နိုင်ဖို့အတွက် ကုမ္ပဏီရဲ့ဝန်ထမ်း ထောင်ပေါင်းများစွာကို ခေတ္တအလုပ်အနားပေးထားဖို့ စီစဉ်နေတယ်လို့ လေကြောင်းလိုင်းအလုပ်သမားသမဂ္ဂက ပြောလိုက်ပါတယ်။ သမဂ္ဂဘက်ကတော့ နားခွင့်ပေးခံရတဲ့ အလုပ်သမားတွေကို လုပ်ခ ၈၀ ရာခိုင်နှုန်းအထိ ပေးသွားဖို့ လေကြောင်းလိုင်းနဲ့ သဘောတူညီချက်ရတယ်လို့ ဆိုပါတယ်။  သတင်းရင်းမြစ်တခုကလည်း BA ဟာ အလုပ်သမား ၃၂,၀၀၀ ကို ခေတ္တအနားပေးထားဖို့ ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ ရိုက်တာသတင်းကို ပြောပါတယ်။ မကြာသေးမီကလည်း ကွမ်တတ်စ်လေကြောင်းဟာ  လုပ်သား နှစ်သောင်းခန့်ကို ခွင့်နဲ့ အနားပေးထားခဲ့ရသလို ဗြိတိန်ဘတ်ဂျတ်လေကြောင်းလိုင်း EasyJet ကလည်း ယူကေ အခြေစိုက်ဝန်ထမ်း လေးထောင်ကို နှစ်လ အနားပေးခဲ့ရပါတယ်။  အမေရိကန်လေကြောင်း လိုင်းတွေကတော့ လာမယ့် ခြောက်လစာအတွက် ဝန်ထမ်းတွေရဲ့ လစာငွေပေးဖို့ အစိုးရဆီက ဒေါ်လာ ၂၅ ဘီလီယံ ထောက်ပံ့ငွေ ရဖို့ရှိပေမယ့် လေကြောင်းခရီး အသွားအလာနည်းပါးနေတဲ့ ကပ်ဘေးအချိန်မှာ အလုပ်ဆင်း ရက်လျှော့ချဖို့နဲ့ လစာမဲ့ခွင့်တွေ၊ အငြိမ်းစားယူခွင့်စောပေးတာတွေ လုပ်ဆောင်နေရတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
11 months Ago
More News
Up