ဗြိတိန်-ဂျပန်

October 23, 2020

ကုန်သွယ်ရေးသဘောတူစာချုပ် ဗြိတိန်-ဂျပန် လက်မှတ်ရေးထိုး

ဘရဲဆစ်နှောင်းပိုင်း ပထမဆုံး ဗြိတိန်-ဂျပန် အကြီးစား ကုန်သွယ်ရေးသဘောတူစာချုပ်ကို  အောက်တိုဘာ ၂၃ ရက်က လက်မှတ်ရေးထိုးခဲ့ပါတယ်။  ကုန်သွယ်ရေး သဘောတူစာချုပ်ကို ဗြိတိန် ကုန်သွယ်ရေးဝန်ကြီး လစ်ဇ်ထရပ်စ် နဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု-မိုတေဂျီတို့က လက်မှတ်ထိုးခဲ့တာပါ။  စက်တင်ဘာလတုန်းက ဗြိတိန်ဝန်ကြီး ထရပ်စ်နဲ့ ဂျပန်ဝန်ကြီး မိုတေဂျီတို့ကြား ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီချက် ရခဲ့ပြီးနောက်မှာ အခုလို လက်မှတ်ရေးထိုးကြတာလည်း ဖြစ်ပါတယ်။  ဒီသဘောတူညီချက်အရ  ဂျပန်ကို တင်ပို့မယ့် ဗြိတိန်ပို့ကုန်ရဲ့ ၉၉ ရာခိုင်နှုန်းဟာ  သွင်းကုန်ခွန်  ကင်းလွတ်ခွင့်ရမယ်လို့ ဗြိတိန်က ပြောဆိုပါတယ်။  ဒါဟာ ၂၀၁၈ နဲ့ နှိုင်းယှဉ်ရင်  ရေရှည်မှာ ကုန်သွယ်ရေးပေါင်ငွေ ၁၅ ဒသမ  ၂ ဘီလျံအထိ မြင့်တက်လာနိုင်ပါတယ်။  အပြန်အလှန်အနေနဲ့ ဂျပန်က တင်သွင်းတဲ့ မော်တော်ကား သွင်းကုန်ခွန်တွေကိုလည်း အဆင့်လိုက် လျှော့ချပြီး ၂၀၂၆ မှာ သုညရာခိုင်နှုန်းအထိ လျှော့ချသွားမှာပါ။  ဒါဟာ ဂျပန် နဲ့ အီးယူတို့ ပြုလုပ်ထားတဲ့ ကုန်သွယ်ရေးသဘောတူညီချက်နဲ့ အတူတူပဲ ဖြစ်ပါတယ်။  ဗြိတိန်ဟာ  ဥရောပသမဂ္ဂ (အီးယူ) က သူရဲ့ အရင်းနှီးဆုံး ကုန်သွယ်ဘက် နိုင်ငံတွေနဲ့လည်း သဘောတူညီချက်ရအောင်  ဆက်ကြိုးပမ်းနေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။  
2 years Ago
Up