ဗြိတိန်အတိုက်အခံ

November 23, 2019

ဒုတိယအကြိမ် ဘရဲဆစ် ဆန္ဒခံယူပွဲတွင် ကြားနေမည်ဟု အတိုက်အခံပါတီခေါင်းဆောင်ပြော

ဒုတိယအကြိမ် ဘရဲဆစ် ဆန္ဒခံယူပွဲမှာ သူ့အနေနဲ့ကြားနေသွားမယ်လို့ ဗြိတိန်အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဂျရယ်မီကိုဘင်က နိုဝင်ဘာ  ၂၂ ရက်မှာ ပြောလိုက်ပါတယ်။    ဒါမှသာ သူ့အနေနဲ့ ဆန္ဒခံယူပွဲ ရလဒ်အတိုင်း ယုံယုံကြည်ကြည် အလုပ်လုပ်ပြီး နိုင်ငံစည်းလုံးအောင် လုပ်သွားမယ်လို့ ကိုဘင်က ပြောခဲ့ပါတယ်။ ဒီဇင်ဘာ ၁၂ ရက် ဗြိတိန်ရွေးကောက်ပွဲမှာ လေဘာပါတီခေါင်းဆောင် ကိုဘင်အနေနဲ့ ဝန်ကြီးချုပ် ဖြစ်လာဖို့ လက်ရှိဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အပါအဝင် တခြားပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်သွားမှာပါ။ ရွေးကောက်ပွဲမှာ  အနိုင်ရပြီး ဖြစ်လာမယ့် ဝန်ကြီးချုပ်ဟာ အီးယူကနေ နည်းမှန်လမ်းမှန် ထွက်ခွာရေးနဲ့ ပတ်သက်လို့ ပါလီမန်အတွင်း အကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းရမှာပါ။ လက်ရှိ ဝန်ကြီးချုပ်ဂျွန်ဆင်က အီးယူနဲ့ သဘောတူထားတဲ့ သဘောတူညီချက်အတိုင်း အကောင်အထည်ဖော်ပြီး ဇန်နဝါရီလမှာ အီးယူကနေ ထွက်ခွာချင်ပါတယ်။  အတိုက်အခံ လေဘာပါတီကတော့ အီးယူနဲ့သဘောတူညီချက် ထပ်မံညှိနှိုင်းပြီး  လာမယ့်နှစ်မှာ ဒုတိယအကြိမ် ဘရဲဆစ် ဆန္ဒခံယူပွဲ ပြုလုပ်မယ်လို့ ကတိပေးထားပါတယ်။  
3 years Ago
Up