ဗြိတိန်အငြိမ်းစား

September 15, 2019

ပေါင် ၁၂၀ ဒဏ်ငွေမဆောင်ဘဲ တရားရင်ဆိုင်သည့် ဗြိတိန်အငြိမ်းစား ပေါင် ၃၀၀၀၀ ခန့် ကုန်ကျ

ပေါင် ၁၂၀ ဒဏ်ငွေဆောင်ရမယ့်ကိစ္စကို တရားရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်တဲ့ ဗြိတိန်က အငြိမ်းစားတဦးဟာ ပေါင် ၃၀၀၀၀ လောက်ကုန်သွားခဲ့ပေမယ့် အမှုကို အနိုင်မရသေးဘူးလို့ OC သတင်းမှာဖော်ပြပါတယ်။  ဒီအမှုဟာ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်မှုပါ။ ရစ်ချတ် ကီဒွဲလ်လို့ခေါ်တဲ့ အသက် ၇၁ နှစ်အရွယ် အငြိမ်းစား အင်ဂျင်နီယာတဦးဟာ ၂၀၁၆ ခုနှစ်နိုဝင်ဘာလ ဝေါ်ကတ်စတာခရီးစဉ်မှာ ယာဉ်ထိန်းရဲရဲ့ ဖမ်းဆီးတာ ခံလိုက်ရပါတယ်။ အကြောင်းကတော့ သူဟာ တစ်နာရီမိုင် ၃၀ ပဲမောင်းရမယ့်ဧရိယာမှာ ၃၅ မိုင် အထိ မောင်းနှင်ခဲ့လို့ပဲဖြစ်ပါတယ်။  ဒီအမှုမျိုးက အများဆုံး ဒဏ်ငွေ ၁၂၀ လောက်နဲ့ ကိစ္စပျက်ပေမယ့် သူမမှား ဘူးလို့ယူဆတဲ့ ရစ်ချတ်က ဒီအမှုကို တရားရုံးမှာရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။  ဒီဖြစ်ရပ်မတိုင်ခင် သူ့ကိုဒီလိုဖမ်းဆီးမယ်လို့ ခြိမ်းခြောက်တဲ့ အီးမေးလ်တစောင် ရရှိခဲ့တဲ့အပြင် ယာဉ်ထိန်းတွေရဲ့ အရှိန်တိုင်းကိရိယာဟာ မှားယွင်းနေတယ်ထင်လို့ ဒီလိုဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။  ဒါပေမယ့် ဒီဆုံးဖြတ်ချက်ဟာ သူ့ကိုကာလ ရှည်တရားရင်ဆိုင်ပြီး အချိန်ကုန်ငွေကုန်ဖြစ်စေမယ့် ကိစ္စဆိုတာကိုတော့ ရစ်ချတ်တယောက်မသိခဲ့ပါဘူး။ တရားရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့တဲ့ ရစ်ချတ်ဟာ သူမမှားကြောင်း သက်သေပြဖို့ ပညာရှင်တယောက်ကို ငှားရမ်းခဲ့ပါတယ်။  ဒီပညာရှင်က အရှိန်တိုင်းကင်မရာဟာ ချို့ယွင်းချက်ရှိနေတယ်။ ဒါမှမဟုတ် တဖက်ယာဉ်ကြောက ကားကြောင့် ရစ်ချတ်ကို မှားယွင်းဖမ်းဆီးတယ်ဆိုတာကို သက်သေပြဖို့ ကြိုးစားခဲ့ပေမယ့် တရားသူကြီးက ဒီအချက်တွေကို တခုမှ မကြားနာခဲ့ပါဘူး။ ဒါ့ကြောင့်ရစ်ချတ်ဟာ ဒီအမှုကို သုံးနှစ်ကြာအောင်ရင်ဆိုင်ခဲ့ရပြီး ဒီသုံးနှစ်အတွင်း ပေါင် ၃၀၀၀၀ လောက်ကုန်ကျခဲ့ပါတယ်။  သူ့ကုန်ကျမှုတွေမှာ ရှေ့နေငှားခက ပေါင် ၂၁၀၀၀၊ တရားစရိတ်က ပေါင် ၇၀၀၀ နဲ့ ဝေါ်ကတ်စတာကို အသွားအပြန်စရိတ်အတွက်ကျန်တဲ့ငွေတွေကို အသုံးပြုခဲ့ရ ပါတယ်။  ဒါပေမယ့် သုံးနှစ်ကြာ စစ်ဆေးပြီးတဲ့အချိန်အထိ အမှုဟာ မပြီးပြတ်သေးပါဘူး။ ရစ်ချတ်ရဲ့ အမှုမှာ ပညာရှင်တွေပါ ပါဝင်ခဲ့တာကြောင့် ဒီလောက်ထိ ကြာမြင့်ခဲ့ရတာလို့ တရားရေး ကျွမ်းကျင်သူတွေက ပြောပါ တယ်။ “ကျွန်တော်က တရားမျှတရေးအတွက် တိုက်ပွဲဝင်ခဲ့တာပါ။ ကျနော့်ငွေတွေအတွက်တော့ စိတ်ထိ ခိုက်ရပါတယ်” လို့လည်း ရစ်ချတ်ကပြောပါတယ်။ ===================== ေပါင္ ၁၂၀ ဒဏ္ေငြမေဆာင္ဘဲ တရားရင္ဆိုင္သည့္ ၿဗိတိန္အၿငိမ္းစား ေပါင္ ၃၀၀၀၀ ခန႔္ ကုန္က် DVB ေပါင္ ၁၂၀ ဒဏ္ေငြေဆာင္ရမယ့္ကိစၥကို တရားရင္ဆိုင္ဖို႔ဆုံးျဖတ္လိုက္တဲ့ ၿဗိတိန္က အၿငိမ္းစားတဦးဟာ ေပါင္ ၃၀၀၀၀ ေလာက္ကုန္သြားခဲ့ေပမယ့္ အမႈကို အႏိုင္မရေသးဘူးလို႔ OC သတင္းမွာေဖာ္ျပပါတယ္။ ဒီအမႈဟာ သတ္မွတ္မိုင္ႏႈန္းထက္ ေက်ာ္လြန္ေမာင္းႏွင္မႈပါ။ ရစ္ခ်တ္ ကီဒြဲလ္လို႔ေခၚတဲ့ အသက္ ၇၁ ႏွစ္အ႐ြယ္ အၿငိမ္းစား အင္ဂ်င္နီယာတဦးဟာ ၂၀၁၆ ခုႏွစ္ႏိုဝင္ဘာလ ေဝၚကတ္စတာခရီးစဥ္မွာ ယာဥ္ထိန္းရဲရဲ႕ ဖမ္းဆီးတာ ခံလိုက္ရပါတယ္။ အေၾကာင္းကေတာ့ သူဟာ တစ္နာရီမိုင္ ၃၀ ပဲေမာင္းရမယ့္ဧရိယာမွာ ၃၅ မိုင္ အထိ ေမာင္းႏွင္ခဲ့လို႔ပဲျဖစ္ပါတယ္။ ဒီအမႈမ်ိဳးက အမ်ားဆုံး ဒဏ္ေငြ ၁၂၀ ေလာက္နဲ႔ ကိစၥပ်က္ေပမယ့္ သူမမွား ဘူးလို႔ယူဆတဲ့ ရစ္ခ်တ္က ဒီအမႈကို တရား႐ုံးမွာရင္ဆိုင္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ဒီျဖစ္ရပ္မတိုင္ခင္ သူ႔ကိုဒီလိုဖမ္းဆီးမယ္လို႔ ၿခိမ္းေျခာက္တဲ့ အီးေမးလ္တေစာင္ ရရွိခဲ့တဲ့အျပင္ ယာဥ္ထိန္းေတြရဲ႕ အရွိန္တိုင္းကိရိယာဟာ မွားယြင္းေနတယ္ထင္လို႔ ဒီလိုဆုံးျဖတ္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီဆုံးျဖတ္ခ်က္ဟာ သူ႔ကိုကာလ ရွည္တရားရင္ဆိုင္ၿပီး အခ်ိန္ကုန္ေငြကုန္ျဖစ္ေစမယ့္ ကိစၥဆိုတာကိုေတာ့ ရစ္ခ်တ္တေယာက္မသိခဲ့ပါဘူး။ တရားရင္ဆိုင္ဖို႔ဆုံးျဖတ္ခဲ့တဲ့ ရစ္ခ်တ္ဟာ သူမမွားေၾကာင္း သက္ေသျပဖို႔ ပညာရွင္တေယာက္ကို ငွားရမ္းခဲ့ပါတယ္။ ဒီပညာရွင္က အရွိန္တိုင္းကင္မရာဟာ ခ်ိဳ႕ယြင္းခ်က္ရွိေနတယ္။ ဒါမွမဟုတ္ တဖက္ယာဥ္ေၾကာက ကားေၾကာင့္ ရစ္ခ်တ္ကို မွားယြင္းဖမ္းဆီးတယ္ဆိုတာကို သက္ေသျပဖို႔ ႀကိဳးစားခဲ့ေပမယ့္ တရားသူႀကီးက ဒီအခ်က္ေတြကို တခုမွ မၾကားနာခဲ့ပါဘူး။ ဒါ့ေၾကာင့္ရစ္ခ်တ္ဟာ ဒီအမႈကို သုံးႏွစ္ၾကာေအာင္ရင္ဆိုင္ခဲ့ရၿပီး ဒီသုံးႏွစ္အတြင္း ေပါင္ ၃၀၀၀၀ ေလာက္ကုန္က်ခဲ့ပါတယ္။ သူ႔ကုန္က်မႈေတြမွာ ေရွ႕ေနငွားခက ေပါင္ ၂၁၀၀၀၊ တရားစရိတ္က ေပါင္ ၇၀၀၀ နဲ႔ ေဝၚကတ္စတာကို အသြားအျပန္စရိတ္အတြက္က်န္တဲ့ေငြေတြကို အသုံးျပဳခဲ့ရ ပါတယ္။ ဒါေပမယ့္ သုံးႏွစ္ၾကာ စစ္ေဆးၿပီးတဲ့အခ်ိန္အထိ အမႈဟာ မၿပီးျပတ္ေသးပါဘူး။ ရစ္ခ်တ္ရဲ႕ အမႈမွာ ပညာရွင္ေတြပါ ပါဝင္ခဲ့တာေၾကာင့္ ဒီေလာက္ထိ ၾကာျမင့္ခဲ့ရတာလို႔ တရားေရး ကြၽမ္းက်င္သူေတြက ေျပာပါ တယ္။ “ကြၽန္ေတာ္က တရားမွ်တေရးအတြက္ တိုက္ပြဲဝင္ခဲ့တာပါ။ က်ေနာ့္ေငြေတြအတြက္ေတာ့ စိတ္ထိ ခိုက္ရပါတယ္” လို႔လည္း ရစ္ခ်တ္ကေျပာပါတယ္။
2 years Ago
Up