ဗြိတိန်အခြေစိုက်ဘဏ်

A d v e r t i s e m e n t With Us

June 4, 2020

ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေကို ဗြိတိန်အခြေစိုက်ဘဏ် ၂ ခု ထောက်ခံ

ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေကို  HSBC နဲ့ Standard Chartered  ဘဏ်တွေ က  ဇွန်လ  ၃  ရက်မှာ ထောက်ခံလိုက်ပါတယ်။  HSBC ဘဏ်ရဲ့ အာရှ-ပစိဖိတ်အကြီးအကဲ ပီတာဝေါင်က ဟောင်ကောင်အမျိုးသား လုံခြုံရေးဥပဒေကို ထောက်ခံကြောင်း လက်မှတ်ထိုးခဲ့သလို ဟောင်ကောင်ဒေသမှာ လူမှုရေး တည်ငြိမ်စေမယ့် ဥပဒေအားလုံးကို HSBC ဘဏ်က လေးစားထောက်ခံပါတယ်ဆိုတဲ့ ပို့စ်ကို  HSBC က ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။   နောက်တော့  Standard Chartered  ဘဏ်ကလည်း  အမျိုးသားလုံခြုံရေး ဥပဒေဟာ  ဟောင်ကောင်ဒေသရဲ့ ကာလရှည် စီးပွားရေးနဲ့ လူမှုရေးတည်ငြိမ်မှုကို ထိန်းသိမ်း စောင့်ရှောက်နိုင်မယ် ယုံကြည်တယ်လို့   ပြောဆိုခဲ့ပါတယ်။  ဘဏ်နှစ်ခုစလုံးဟာ  ဗြိတိန်မှာအခြေစိုက်ပေမယ့်  သူတို့ဟာ အာရှဈေးကွက်ကို ကြီးကြီး မားမား ရရှိထားပါတယ်။  ဘဏ်လုပ်ငန်းရှင် တဦးကတော့ တရုတ်ပြည်မှာ လုပ်ငန်းတွေ အများကြီး လုပ်တဲ့အခါ တရုတ်အာဏာပိုင်တွေနဲ့ ပတ်သက်မှုတွေ အများကြီး ရှိတာကြောင့်  အမျိုးလုံခြုံရေးဥပဒေအပေါ် HSBC နဲ့ Standard Chartered  ဘဏ်တွေထောက်ခံတာကို  မအံ့သြပါဘူးလို့ ပြောဆိုခဲ့ပါတယ်။   
9 months Ago
Up