ဗြိတိန်ဝန်ကြီးချုပ်၏သား

May 3, 2020

အသက်ကယ်ခဲ့သည့် ဆရာဝန်နှစ်ဦးအမည် အစွဲပြုပြီး ဗြိတိန်ဝန်ကြီးချုပ်၏သားကို အမည်ပေး

ဧပြီ ၂၉ ရက်က မွေးဖွားခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ်ဂျွန်ဆင်ရဲ့သား နာမည်ကို ဝီလ်ဖရက်လော်ရီနီကိုးလပ်စ်လို့  ဂျွန်ဆင်ရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ ဆရာဝန် နှစ်ဦးအမည်ကို အစွဲပြုပြီး မေ ၂ ရက်က အမည်ပေးလိုက်ပါတယ်။ ဝီလ်ဖရက် ဆိုတာက ဂျွန်ဆင်ရဲ့ အဘိုးနာမည်၊ လော်ရီ ဆိုတာက ကလေးမိခင်ရဲ့ အဘိုးနာမည်နဲ့  နီကိုးလပ်စ် ဆိုတာကတော့ ပြီးခဲ့တဲ့လတုန်းက စိန့်သောမတ်စ်ဆေးရုံကြီးမှာ  ဂျွန်ဆင်ရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ ဆရာဝန်နှစ်ဦးကို အစွဲပြုပြီး ဂုဏ်ပြုနာမည်ပေးခဲ့တာလို့ အသက် ၃၂ နှစ်အရွယ် ကလေးမိခင် ကယ်ရီဆစ်ဂ်မန်းက ပြောပါတယ်။  COVID-19 ကူးစက်ခံရာကနေ ပြန်ကောင်းမွန်လာတဲ့ ဝန်ကြီးချုပ်ဂျွန်ဆင်ဟာ ဧပြီလ ၂၇ ရက်က ဝန်ကြီးချုပ် တာဝန်တွေကို ပြန်ထမ်းဆောင်ခဲ့ပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက် ၅၅ နှစ်အရွယ် ဂျွန်ဆင်ဟာ အထူးကြပ်မတ်ကုသဆောင်အထိ ရောက်ရှိခဲ့ပါတယ်။ နေပြန်ကောင်းလာခဲ့ပြီးနောက် ဂျွန်ဆင်က သူ့အသက်ကို ကယ်တင်ခဲ့တဲ့ စိန့်သောမတ်စ်ဆေးရုံက ဆရာဝန်တွေကို ကျေးဇူးတင်စကား ပြောဆိုခဲ့တာကိုလည်း ရိုက်တာသတင်းက ဖော်ပြပါတယ်။   
12 months Ago
Up