ဗြိတိန်လေယာဉ်မှူ

September 10, 2019

ဗြိတိန်လေယာဉ်မှူးများ သပိတ်မှောက်မှုကြောင့် လေယာဉ်ခရီးစဉ်အားလုံးနီးပါး ရပ်ထားရ

ဗြိတိန်လေကြောင်းလိုင်း(BA)က လေယာဉ်မှူးတွေ သပိတ်မှောက်တာကြောင့်  စက်တင်ဘာ ၉ ရက်မှာ အဲဒီလေကြောင်းလိုင်းက လေယာဉ်ခရီးစဉ်အားလုံးနီးပါး ရပ်ထားရပြီး ထောင်ချီတဲ့ ခရီးသည်တွေ အခက်တွေ့ခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။  လေယာဉ်မှူးတွေရဲ့ နှစ်ရက်ကြာ သပိတ်ကြောင့် ဗြိတိန်လေကြောင်းလိုင်းဟာ တနင်္လာနေ့နဲ့  အင်္ဂါနေ့အတွက် လေကြောင်းခရီးစဉ် ၁၇၀၀ ဖျက်သိမ်းလိုက်ရပါတယ်။ ဗြိတိန်လေကြောင်းလိုင်းဟာ နိုင်ငံတကာလေကြောင်းလိုင်းအုပ်စု (IAG) ထဲမှာပါပြီး လေယာဉ်မှူးတွေရဲ့ သပိတ်ကြောင့်  IAG ရှယ်ယာဈေး ၂ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပါတယ်။  သုံးနှစ်ကျော် အတွင်း ၁၁ ဒဿမ ၅ ရာခိုင်နှုန်း လစာတိုးပေးသွားဖို့ ဗြိတိန် လေကြောင်းလိုင်းက လေယာဉ်မှူးတွေကို ကနဦး ကမ်းလှမ်းခဲ့ပါတယ်။  အဲဒီကမ်းလှမ်းချက်အရ ဝင်ငွေကောင်းတဲ့ လေယာဉ်မှူးတွေအနေနဲ့ ထောက်ပံ့ကြေး စရိတ်အပါအဝင် တနှစ်ကို ပေါင်နှစ်သိန်းလောက် ဝင်ငွေ ရနိုင်ပါတယ်။  ဒါပေမယ့် လက်ရှိမှာ လေယာဉ်မှူးတွေဟာ  လေကြောင်းလိုင်းရဲ့ အမြတ်ငွေကိုပါ မျှပေးဖို့ တောင်းဆိုနေကြပါတယ်။  နှစ်ရက်ကြာ သပိတ်မှောက်ပြီးနောက် အဲဒီလေယာဉ်မှူးတွေဟာ စက်တင်ဘာ ၂၇ ရက်မှာ ဆက်သပိတ်မှောက်ဖို့ ရက်သတ်မှတ်ထားပါတယ်။  လေယာဉ်မှူးတွေရဲ့ သပိတ်မတိုင်ခင်ကတည်းက ဗြိတိန်လေကြောင်းလိုင်းဟာ ခရီးသည်တွေ အပေါ် ဆက်ဆံတာနဲ့ပတ်သတ်လို့ ဝေဖန်ခံခဲ့ရပြီး အခုအခါမှာလည်း သပိတ်ကြောင့် ထောင်ချီတဲ့လူတွေဟာ သူတို့ ခရီးစဉ်တွေကို ပြောင်းလိုက်ကြရပါတယ်။  လေကြောင်းခရီးစဉ် ဖျက်လိုက်ပြီလို့ မှားပြောခဲ့တာကြောင့် ခရီးသည်တစ်ချို့ ဒေါသထွက်ခဲ့တာနဲ့ ပတ်သက်လို့ ဗြိတိန်လေကြောင်းလိုင်းကို ဗြိတိန် အရပ်ဘက်လေကြာင်းအာဏာပိုင် အဖွဲ့ (CAA)က  စုံစမ်းစစ်ဆေးနေပါတယ်။
ၿဗိတိန္ေလယာဥ္မႉးမ်ား သပိတ္ေမွာက္မႈေၾကာင့္ ေလယာဥ္ခရီးစဥ္အားလုံးနီးပါး ရပ္ထားရ DVB ၿဗိတိန္ေလေၾကာင္းလိုင္း(BA)က ေလယာဥ္မႉးေတြ သပိတ္ေမွာက္တာေၾကာင့္ စက္တင္ဘာ ၉ ရက္မွာ အဲဒီေလေၾကာင္းလိုင္းက ေလယာဥ္ခရီးစဥ္အားလုံးနီးပါး ရပ္ထားရၿပီး ေထာင္ခ်ီတဲ့ ခရီးသည္ေတြ အခက္ေတြ႕ခဲ့ရတယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။ ေလယာဥ္မႉးေတြရဲ႕ ႏွစ္ရက္ၾကာ သပိတ္ေၾကာင့္ ၿဗိတိန္ေလေၾကာင္းလိုင္းဟာ တနလၤာေန႔နဲ႔ အဂၤါေန႔အတြက္ ေလေၾကာင္းခရီးစဥ္ ၁၇၀၀ ဖ်က္သိမ္းလိုက္ရပါတယ္။ ၿဗိတိန္ေလေၾကာင္းလိုင္းဟာ ႏိုင္ငံတကာေလေၾကာင္းလိုင္းအုပ္စု (IAG) ထဲမွာပါၿပီး ေလယာဥ္မႉးေတြရဲ႕ သပိတ္ေၾကာင့္ IAG ရွယ္ယာေဈး ၂ ရာခိုင္ႏႈန္းေက်ာ္ က်ဆင္းသြားခဲ့ပါတယ္။ သုံးႏွစ္ေက်ာ္ အတြင္း ၁၁ ဒႆမ ၅ ရာခိုင္ႏႈန္း လစာတိုးေပးသြားဖို႔ ၿဗိတိန္ ေလေၾကာင္းလိုင္းက ေလယာဥ္မႉးေတြကို ကနဦး ကမ္းလွမ္းခဲ့ပါတယ္။ အဲဒီကမ္းလွမ္းခ်က္အရ ဝင္ေငြေကာင္းတဲ့ ေလယာဥ္မႉးေတြအေနနဲ႔ ေထာက္ပံ့ေၾကး စရိတ္အပါအဝင္ တႏွစ္ကို ေပါင္ႏွစ္သိန္းေလာက္ ဝင္ေငြ ရႏိုင္ပါတယ္။ ဒါေပမယ့္ လက္ရွိမွာ ေလယာဥ္မႉးေတြဟာ ေလေၾကာင္းလိုင္းရဲ႕ အျမတ္ေငြကိုပါ မွ်ေပးဖို႔ ေတာင္းဆိုေနၾကပါတယ္။ ႏွစ္ရက္ၾကာ သပိတ္ေမွာက္ၿပီးေနာက္ အဲဒီေလယာဥ္မႉးေတြဟာ စက္တင္ဘာ ၂၇ ရက္မွာ ဆက္သပိတ္ေမွာက္ဖို႔ ရက္သတ္မွတ္ထားပါတယ္။ ေလယာဥ္မႉးေတြရဲ႕ သပိတ္မတိုင္ခင္ကတည္းက ၿဗိတိန္ေလေၾကာင္းလိုင္းဟာ ခရီးသည္ေတြ အေပၚ ဆက္ဆံတာနဲ႔ပတ္သတ္လို႔ ေဝဖန္ခံခဲ့ရၿပီး အခုအခါမွာလည္း သပိတ္ေၾကာင့္ ေထာင္ခ်ီတဲ့လူေတြဟာ သူတို႔ ခရီးစဥ္ေတြကို ေျပာင္းလိုက္ၾကရပါတယ္။ ေလေၾကာင္းခရီးစဥ္ ဖ်က္လိုက္ၿပီလို႔ မွားေျပာခဲ့တာေၾကာင့္ ခရီးသည္တစ္ခ်ိဳ႕ ေဒါသထြက္ခဲ့တာနဲ႔ ပတ္သက္လို႔ ၿဗိတိန္ေလေၾကာင္းလိုင္းကို ၿဗိတိန္ အရပ္ဘက္ေလၾကာင္းအာဏာပိုင္ အဖြဲ႕ (CAA)က စုံစမ္းစစ္ေဆးေနပါတယ္။
2 years Ago
Up