ဗြိတိန်ရဲတပ်ဖွဲ့

July 3, 2020

ဗြိတိန်ရဲတပ်ဖွဲ့က အွန်လိုင်းစကားဝှက်ဖော်ပြီး ဒုစရိုက်သမားများကို ဖမ်းဆီး

ဒုစရိုက်သမားတွေသုံးတဲ့ အွန်လိုင်းစကားဝှက်ကို ဖော်ထုတ်ပြီး အကြီးဆုံး စစ်ဆင်ရေး တစ်ခုကို  လုပ်ဆောင်ခဲ့တယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ဇူလိုင်လ ၂ ရက်မှာ ပြောလိုက်ပါတယ်။ ဒီစစ်ဆင်ရေးမှာ လန်ဒန်ရဲ့ သက်တမ်းအရင့်ဆုံး ဒုစရိုက်သမား တချို့ကို ဖမ်းမိပြီး  လူသတ်မှု အကြံအစည်တွေကို ဖြိုခွင်းနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။  ဒုစရိုက်သမားတွေ အလုပ်လုပ်ရာမှာသုံးတဲ့  EncroChat  ဆက်သွယ်ရေးနက်ဝါ့ခ် စကားဝှက်ကို ဖော်ထုတ်ပြီး  ဖမ်းဆီးမှုပေါင်း ၇၅၀ လောက် လုပ်ခဲ့တယ်လို့ အမျိုသားရာဇဝတ်မှု နှိမ်နှင်းရေးအေဂျင်စီ(NCA)က ဆိုပါတယ်။  NCA နဲ့ ဥရောပမိတ်ဖက်အဖွဲ့တွေက   EncroChatကနေ  ရတဲ့ အချက်အလက်တွေကို လန်ဒန်ရဲတပ်ဖွဲကို ပေးခဲ့ပြီး ဒီစစ်ဆင်ရေးမှာ   ငွေသား စတာလင်ပေါင် ၁၃ ဒသမ    ၄ သန်းကို လည်း  သိမ်းဆည်းရမိခဲ့ပါတယ်။ ဒါဟာ တစ်ကြိမ်တည်းနဲ့ငွေသားအများဆုံး ဖမ်းဆီးရ မိတာဖြစ်တယ်လို့လည်း လန်ဒန် ရဲတပ်ဖွဲ့  ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။  ဒါ့အပြင်  အထူးတပ်ဖွဲ့ တစ်ဖွဲ့ကလည်း  ပြိုင်ဘက် ဒုစရိုက်ဂိုဏ်းအချင်းချင်း  ပြန်ပေးဆွဲ သတ်ဖြတ်မယ့် အစီအစဉ်တွေကို တားဆီးနိုင်ခဲ့တယ်လို့  NCA ကို ကိုးကားပြီး ရိုက်တာက ဖော်ပြ ပါတယ်။ 
11 months Ago
Up