ဗြိတိန်ရဲကားများကို

September 11, 2019

ဗြိတိန်ရဲကားများကို အိုင်းရစ်လူငယ်များက ဓာတ်ဆီပုလင်းဗုံးများဖြင့် ပစ်ခတ်သည့်ရုပ်သံ ပျံ့နှံ့ 

ဗြိတိန်နိုင်ငံ မြောက်အိုင်ယာလန်နယ်မှာ စက်တင်ဘာ ၉ ရက်က ရပ်ထားတဲ့ ရဲကားတွေကို အိုင်းရစ်အမျိုးသားဝါဒီ လူငယ်တွေက ဓာတ်ဆီပုလင်းဗုံးတွေနဲ့ ပစ်ခတ်ခဲ့တဲ့ မျက်မြင်သက်သေ ရုပ်သံဖိုင်ဟာ အင်တာနက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံခဲ့ပါတယ်။ လန်ဒန်ဒယ်ရီမြို့က နေအိမ်တွေနားမှာ ဖောက်ခွဲရေးပစ္စည်းတခုတွေ့လို့ ရဲတွေက စနတ်တံဖြုတ်နေချိန် ရပ်ထားတဲ့ ရဲကားတွေ အခုလို ဖျက်ဆီးခံရတာပါ။  အဲဒီ ဖောက်ခွဲရေးပစ္စည်းဟာ ပေါက်ကွဲသွားမယ်ဆိုရင် အနားက လူတွေအားလုံး သေဆုံးတာတွေနဲ့ ဒဏ်ရာရနိုင်တယ်လို့ ထုတ်ပြန်ချက်တခုမှာ ပြောပါတယ်။  ရပ်ထားတဲ့ ရဲကားတွေကို ဓာတ်ဆီပုလင်းဗုံးတွေ ပစ်ခတ်ရင်း အဲဒီအဖွဲ့မှာပါတဲ့ လူငယ်နှစ်ယောက်လည်း မီးလောင်ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။  ဥရောပသမဂ္ဂ (အီးယူ) ကနေ နုတ်ထွက်မယ့် ဗြိတိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် မြောက် အိုင်ယာလန်ဒေသမှာ ဂိုဏ်းဂဏ ကွဲပြားတဲ့ တင်းမှုတွေ ပိုဆိုးလာမှာကို စိုးရိမ်နေကြပါတယ်။ ဒီအခြေအနေမှာ မကြာသေးခင်လတွေအတွင်း တိုက်ခိုက်မှုတွေ မြင့်တက်လာတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။   မြောက်အိုင်ယာလန်ဟာ အီးယူနဲ့ ကုန်းတွင်းပိုင်း နယ်စပ်ထိစပ်နေတဲ့ တခုတည်းသော ဗြိတိန်နယ်မြေ ဖြစ်ပါတယ်။  မြောက်အိုင်ယာလန်ဒေသမှာ အိုင်းရစ် အမျိုးသားဝါဒီ စစ်သွေးကြွတွေကြား ဂိုဏ်းကွဲတဲ့ နှစ်သုံးဆယ်ကြာ ပဋိပက္ခဟာ ငြိမ်းချမ်းရေး သဘောတူညီချက်ရပြီး  ၁၉၉၈ ခုနှစ်မှာ အဆုံးသတ်ခဲ့ပါတယ်။  ဒါပေမယ့် ဒီကနေ့ အချိန်ထိ ရဲတပ်ဖွဲ့ဝင်တွေဟာ အိုင်းရစ်အမျိုးသားဝါဒီ ဂိုဏ်းကွဲ အဖွဲ့ငယ်တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံနေရဆဲပဲလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ ================================= ၿဗိတိန္ရဲကားမ်ားကို အိုင္းရစ္လူငယ္မ်ားက ဓာတ္ဆီပုလင္းဗုံးမ်ားျဖင့္ ပစ္ခတ္သည့္႐ုပ္သံ ပ်ံ႕ႏွံ႔ DVB ၿဗိတိန္ႏိုင္ငံ ေျမာက္အိုင္ယာလန္နယ္မွာ စက္တင္ဘာ ၉ ရက္က ရပ္ထားတဲ့ ရဲကားေတြကို အိုင္းရစ္အမ်ိဳးသားဝါဒီ လူငယ္ေတြက ဓာတ္ဆီပုလင္းဗုံးေတြနဲ႔ ပစ္ခတ္ခဲ့တဲ့ မ်က္ျမင္သက္ေသ ႐ုပ္သံဖိုင္ဟာ အင္တာနက္ စာမ်က္ႏွာေတြေပၚမွာ ပ်ံ႕ႏွံခဲ့ပါတယ္။ လန္ဒန္ဒယ္ရီၿမိဳ႕က ေနအိမ္ေတြနားမွာ ေဖာက္ခြဲေရးပစၥည္းတခုေတြ႕လို႔ ရဲေတြက စနတ္တံျဖဳတ္ေနခ်ိန္ ရပ္ထားတဲ့ ရဲကားေတြ အခုလို ဖ်က္ဆီးခံရတာပါ။ အဲဒီ ေဖာက္ခြဲေရးပစၥည္းဟာ ေပါက္ကြဲသြားမယ္ဆိုရင္ အနားက လူေတြအားလုံး ေသဆုံးတာေတြနဲ႔ ဒဏ္ရာရႏိုင္တယ္လို႔ ထုတ္ျပန္ခ်က္တခုမွာ ေျပာပါတယ္။ ရပ္ထားတဲ့ ရဲကားေတြကို ဓာတ္ဆီပုလင္းဗုံးေတြ ပစ္ခတ္ရင္း အဲဒီအဖြဲ႕မွာပါတဲ့ လူငယ္ႏွစ္ေယာက္လည္း မီးေလာင္ဒဏ္ရာရခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။ ဥေရာပသမဂၢ (အီးယူ) ကေန ႏုတ္ထြက္မယ့္ ၿဗိတိန္အစိုးရရဲ႕ ဆုံးျဖတ္ခ်က္ေၾကာင့္ ေျမာက္ အိုင္ယာလန္ေဒသမွာ ဂိုဏ္းဂဏ ကြဲျပားတဲ့ တင္းမႈေတြ ပိုဆိုးလာမွာကို စိုးရိမ္ေနၾကပါတယ္။ ဒီအေျခအေနမွာ မၾကာေသးခင္လေတြအတြင္း တိုက္ခိုက္မႈေတြ ျမင့္တက္လာတယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။ ေျမာက္အိုင္ယာလန္ဟာ အီးယူနဲ႔ ကုန္းတြင္းပိုင္း နယ္စပ္ထိစပ္ေနတဲ့ တခုတည္းေသာ ၿဗိတိန္နယ္ေျမ ျဖစ္ပါတယ္။ ေျမာက္အိုင္ယာလန္ေဒသမွာ အိုင္းရစ္ အမ်ိဳးသားဝါဒီ စစ္ေသြးႂကြေတြၾကား ဂိုဏ္းကြဲတဲ့ ႏွစ္သုံးဆယ္ၾကာ ပဋိပကၡဟာ ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ရၿပီး  ၁၉၉၈ ခုႏွစ္မွာ အဆုံးသတ္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီကေန႔ အခ်ိန္ထိ ရဲတပ္ဖြဲ႕ဝင္ေတြဟာ အိုင္းရစ္အမ်ိဳးသားဝါဒီ ဂိုဏ္းကြဲ အဖြဲ႕ငယ္ေတြရဲ႕ ပစ္မွတ္ထား တိုက္ခိုက္ခံေနရဆဲပဲလို႔ ႐ိုက္တာ သတင္းဌာနက ေဖာ္ျပပါတယ္။
2 years Ago
Up