ဗြိတိန်နိုင်ငံ

February 11, 2020

ဗြိတိန်နိုင်ငံ၌ မုန်တိုင်းဝင်ရောက်မှုကြောင့် ရေကြီး

ဗြိတိန်နိုင်ငံ အင်္ဂလန်နယ်မှာ ဖေဖော်ဝါရီ ၁၀ ရက်က မုန်တိုင်း စီရာရယ် ဝင်ရောက်ခဲ့ပြီး ဆိုးဆိုးရွားရွား ရေကြီးတာနဲ့ လေပြင်းတိုက်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။  ဖေဖော်ဝါရီ ၉ ရက်က ဗြိတိန်တလွှားမှာ ရေကြီးမှု သတိပေးချက်ပေါင်း ၂၀၀ ကျော်  ထုတ်ပြန်ခဲ့ပြီးနောက် ယော့ရှိုင်းယားနယ်မှာ နေအိမ်တွေနဲ့ ကုမ္ပဏီတွေ ရေနစ်မြုပ်ခဲ့ပါတယ်။  အနောက်တောင်ပိုင်း ချပ်စတိုးမြို့မှာ ကုန်ကားတစီးပေါ် ဓာတ်တိုင်ပြိုလဲခဲ့ပြီး အရေးပေါ် ဝန်ထမ်းတွေက တံတားကို ပိတ်ခဲ့ရပါတယ်။   မုန်တိုင်း စီရာရယ်ဟာ လေတိုက်နှုန်း တနာရီ မိုင် ၉၀ ကျော် တိုက်ခတ်ခဲ့ပြီး ဥရောပ အနောက်မြောက်ပိုင်း ဒေသအတော်များများမှာ မိုးကြီးခဲ့ပါတယ်။  မုန်တိုင်းကြောင် ဝစ်ဘက်ခ်မြို့ ဘောလုံးပွဲ ပွဲကြည့်စင်ဟာလည်း ပြိုလဲခဲ့ပြီး ပြိုလဲချိန်မှာ ပွဲကြည့်ပရိသတ်တွေ ရှိမနေဘူးလို့လည်း သိရပါတယ်။  လေပြင်းဒဏ်ကြောင့် ပွဲကြည့်စင် တွန့်လိမ်သွားခဲ့ပြီး ပွဲကြည့်စင် တည်ဆောက်ခဲ့တဲ့  ကုန်ကျစရိတ်ဟာ ပေါင် ၁၃,၀၀၀ ရှိတယ်လို့လည်း ကလပ်အသင်း အတွင်းရေးမှူးတဦးက ပြောခဲ့ပါတယ်။
1 year Ago

February 1, 2020

အီးယူအဖွဲ့ဝင်အဖြစ်မှ ဗြိတိန် နုတ်ထွက်

ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်အဖြစ် ၄၇ နှစ်အကြာ ပါဝင်ခဲ့ပြီးနောက် ဇန်နဝါရီလ ၃၁ ရက်မှာ အီးယူကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ခဲ့ပါတယ်။ ဒါဟာ အီးယူကနေ နုတ်ထွက်ဖို့ ပြည်လုံးကျွတ်ဆန္ဒခံယူပြီး ၃ နှစ် ကာလအတွင်း ဗြိတိန်က  နုတ်ထွက်ခဲ့တာပါ။ ဇန်နဝါရီ ၃၁ ရက် ည ၁၁ နာရီက ပြုလုပ်တဲ့ ဒီသမိုင်းဝင်အခိုက်အတန့်မှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ ဆန္ဒပြပွဲတွေ ပါဝင်ခဲ့ပါတယ်။ အီးယူကနေ ဗြိတိန်နုတ်ထွက်တာကို ထောက်ခံသူတွေက ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြသလို ဘရဲဆစ် ဆန့်ကျင်သူတွေ၊ အထူးသဖြင့် အီးယူအတွင်း ဆက်နေတဲ့ စကော့တလန် ပြည်သူတွေကတော့ ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။ အီးယူကနေ မနုတ်ထွက်ခင် ၁ နာရီအလိုမှာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သူဟာ အားလုံးရဲ့ ခံစားချက်တွေကို နားလည်ပြီး အစိုးရတရပ်အနေနဲ့ သူ့တာဝန်ကတော့ ဗြိတိန်ကို စည်းစည်းလုံးလုံးနဲ့ ရှေ့ဆက်ဦးဆောင်သွားဖို့ပဲ ဖြစ်တယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် အီးယူ ၂၇ နိုင်ငံ ပြည်သူတွေကလည်း ဗြိတိန်ကို နှုတ်ဆက်ခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
1 year Ago
More News
Up