ဗြိတိန်တော်ဝင်မျိုးနွယ်

February 28, 2020

ဟယ်ရီဟုသာ ခေါ်ရန် လူထုကို တော်ဝင်မင်းသား အသိပေး

ဗြိတိန်တော်ဝင်မျိုးနွယ်တာဝန်ဝတ္တရားကို  နောက်ဆုံးထမ်းဆောင်တဲ့ ဟယ်ရီက သူ့ကို “ဟယ်ရီလို့သာ ခေါ်ပါ” လို့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ပရိသတ်တွေကို ပြောခဲ့ပါတယ်။  ဟယ်ရီနဲ့မက်ဂန်တို့ဟာ တော်ဝင်အကြီးတန်းတာဝန်ဝတ္တရားတွေကို မထမ်းဆောင်တော့ဘဲ ကနေဒါမှာ နေထိုင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။  ဟယ်ရီဟာ တော်ဝင်မျိုးနွယ်မဟုတ်တော့ပေမယ့်လည်း  မင်းသားတပါးတော့ ဖြစ်နေဦးမှာပါ။  ဟယ်ရီ၊ မက်ဂန်နဲ့ သားငယ် အာချီတို့တို့ဟာ ကနေဒါနိုင်ငံမှာ သီတင်းပတ်များစွာ နေထိုင်နေပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာတော့ ဟယ်ရီဟာ ဗြိတိန်ပြန်လာခဲ့တယ်လို့ ဒေသမီဒီယာက ဖော်ပြပါတယ်။  ဖေဖော်ဝါရီ ၂၈ ရက်မှာတော့ ဟယ်ရီဟာ လန်ဒန်မြောက်ပိုင်း အက်ဘီလမ်းမရှိ ဘီတယ်လ် စတူဒီယိုကို သွားရောက်ပြီး အဆိုတော် ဘွန်ဂျိုဗီ နဲ့ အင်ဗစ်တပ်စ်ဂိမ်းစ် သံပြိုင်အဖွဲ့နဲ့ တွေ့ဆုံသွားဖို့ ရှိပါတယ်။  သူနဲ့မက်ဂန်တို့ရဲ့နာမည်မှာ တော်ဝင်ဆိုတဲ့ စကားလုံးကို မသုံးတော့ဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်က သတင်းတွေ ထွက်ခဲ့ပြီးနောက် ဟယ်ရီရဲ့ ဗြိတိန်ခရီးစဉ် ပေါ်လာခဲ့တာပါ။ တော်ဝင်တာဝန်ဝတ္တရားတွေကို မတတ်သာလို့ စွန့်လွှတ်လိုက်ရတဲ့အပေါ်မှာ ဝမ်းနည်းမိ တယ်လို့ ဟယ်ရီက ပြောခဲ့ပါတယ်။  သူနဲ့ မက်ဂန်တို့ဟာ မီဒီယာအနှောင့်အယှက် ကင်းကင်းနဲ့  အမှီအခိုကင်းတဲ့ ဘဝကို စတင်လို တာမို့ တော်ဝင်တာဝန်တွေကို မလွှဲမရှောင်သာ စွန့်လွှတ်ရတယ်လို့ ဟယ်ရီက ပြောခဲ့ပါတယ်။ 
1 year Ago
Up