ဗြိတိန်တော်ဝင်မင်သား

January 14, 2020

ဗြိတိန်တော်ဝင်မင်သား ဟယ်ရီနှင့်ဇနီးတို့၏ဆန္ဒကို အဲလိဇဘက်ဘုရင်မကြီး ထောက်ခံ

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ ဇနီးမက်ဂန်တို့ရဲ့ အမှီအခိုကင်းကင်းနဲ့ ဘဝသစ်မှာ နေလိုတဲ့ဆန္ဒကို  ဘုရင်မကြီး အဲလိဇဘက်က ဇန်နဝါရီလ ၁၃ ရက်မှာ ထောက်ခံတဲ့ အကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။  ဒီကိစ္စနဲ့ပတ်သက်လို့ တော်ဝင်မိသားစုဝင်တွေအကြား ဆွေးနွေးမှု လုပ်ပြီးနောက်မှာ ဘုရင်မကြီးက ဆုတောင်းပေးလိုက်တာပါ။  “ဟယ်ရီနဲ့ မက်ဂန်တို့ရဲ့ ဘဝသစ် စလိုတဲ့ဆန္ဒကို တော်ဝင်မိသားစုနဲ့ ကျွန်ုပ် လုံးလုံးလျားလျား ထောက်ခံပါတယ်”လို့  ဘုရင်မကြီးက ထုတ်ပြန်ချက်မှာ ပြောပါတယ်။    “ကျွန်ုပ်အနေနဲ့ ဟယ်ရီနဲ့ မက်ဂန်ကို အချိန်ပြည့် တော်ဝင်မိသားစုဝင်ဆက်ဖြစ်စေလိုပေမယ့် ကျွန်ုပ်မိသားစုဝင်အဖြစ် ဆက်ရှိပြီး အမှီအခိုကင်းတဲ့ဘဝကို နေထိုင်လိုတဲ့ သူတို့ဆန္ဒကို  ကျွန်ုပ်တို့ လေးစားနားလည်ပါတယ်” လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  အကူးအပြောင်းကာလမှာ ဟယ်ရီတို့ မောင်နှံက ဗြိတိန်နဲ့ ကနေဒါမှာ နေထိုင်သွားမှာ ဖြစ်ပြီး သူတို့မောင်နှံရဲ့ အနာဂတ်အစီအစဉ်တွေကို လက်စသတ်ဖို့ရာ ဆက်လုပ်ရာမှာတွေ ရှိသေးတယ်လို့လည်း ဘုရင်မကြီး အဲလိဇဘက်က ပြောပါတယ်။
1 year Ago
Up