ဗြိတိန်စီးပွားရေးဝန်ကြီ

June 4, 2020

ဗြိတိန်စီးပွားရေးဝန်ကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိ

ဗြိတိန်စီးပွားရေးဝန်ကြီး အာလို့ရှားမားဟာ  ဇွန်  ၃ ရက်က ပါလီမန်အတွင်း  နေမကောင်း ဖြစ်ခဲ့ပြီးနောက်  ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိခဲ့ပါတယ်။   ဒါဟာ ရာနဲ့ချီတဲ့ လွှတ်တော်အမတ်တွေ လူကိုယ်တိုင် ဆန္ဒမဲပေးပြီး နောက်တနေ့မှာပဲ ဖြစ်ခဲ့တာပါ။   ဧပြီနဲ့ မေလမှာ လွှတ်တော်အမတ်တွေ အဝေးကနေ ဆန္ဒမဲ ပေးခဲ့ကြပေမယ့် ဇွန်လ  ၂  ရက်မှာတော့ အစိုးရက အဲဒီအစီအစဉ်ကို ရပ်ဆိုင်းခဲ့တာကြောင့် ပါတီအားလုံးက  အမတ်တွေ ဒေါသ ဖြစ်ခဲ့ပါတယ်။    ရာနဲ့ချီတဲ့အမတ်တွေဟာ လွှတ်တော်အတွင်း  တဦးနဲ့တဦး ခပ်ခွာခွာအနေအထားနဲ့ ၁ နာရီကျော်ကြာ တန်းစီ မဲပေးခဲ့တာပါ။   အသက် ၅၂ နှစ်အရွယ် ဗြိတိန်စီးပွားရေးဝန်ကြီး ရှားမန်းဟာ  အောက်လွှတ်တော်ခန်းမ အတွင်း  ဥပေဒသစ်တခုကို တင်ပြနေချိန်မှာ  ကိုယ်လက်မအီမသာ ဖြစ်ခဲ့တယ်လို့  ရှားမန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။   အဲဒီနောက် ကိုရိုနာဗိုင်းရပ်စ် အစစ်ခံခဲ့ပြီး ရှားမန်းမှာ ပိုးတွေ့ရှိတယ်လို့ သူက ပြောဆိုပါတယ်။  ဒါကြောင့် ရှားမန်းဟာ  အိမ်ပြန်ပြီး သီးခြားခွဲနေထိုင်နေတယ်လို့လည်း ပြောခွင့်ရ ပုဂ္ဂိုလ်က ရှင်းပြခဲ့ပါတယ်။   ဗြိတိန်နိုင်ငံတဝှမ်းမှာ  ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ငါးသောင်းကျော်နေပြိး ဥရောပမှာ သေဆုံးမှု အများဆုံး ဖြစ်ပါတယ်။   ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကိုယ်တိုင်လည်း ဧပြီလတုန်းက ဗိုင်းရပ်စ်ကူးစက်ခံရပြီး အထူးကြပ်မတ်ကုသဆောင်မှာ  ရက်အတော်ကြာ နေခဲ့ရတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
10 months Ago

May 18, 2020

ကိုရိုနာဆေးအတွက် သုတေသီများကို ပေါင် ၈၄ သန်း ထောက်ပံ့မည်ဟု ဗြိတိန်စီးပွားရေးဝန်ကြီး ပြော

ဗြိတိန်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထုတ်လုပ်ရေးလုပ်ဆောင်နေတဲ့ သုတေသီတွေကို ထပ်ဆောင်း ရန်ပုံငွေ ပေါင် ၈၄ သန်း ထောက်ပံ့သွားမယ်လို့ စီးပွားရေးဝန်ကြီးက မေလ ၁၇ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။  ဗြိတိန်စီးပွားရေးဝန်ကြီး အလော့က် ရှာမားက ဒီငွေတွေဟာ ဆေးကို အမြောက်အမြား ထုတ်လုပ်ဖို့ ကြိုးပမ်းနေတဲ့ အောက်စဖို့ဒ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေအတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။  အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ဆေးကုမ္ပဏီ အက်စ်ထရာဇင်နီကာ AstraZeneca တို့ဟာ ဆေးပြား သန်း ၃၀ ကို စက်တင်ဘာမှာ ဗြိတိန်ပြည်သူတွေအတွက် အဆင်သင့်ရရှိအောင် လုပ်ဆောင်သွားမှာဖြစ်ပြီး နွေရာသီအကုန်မှာလည်း ဆေးထုတ်လုပ်မယ့် စက်ရုံတခု အမြန်တည်ဆောက်ပြီးစီးသွားမယ်လို့ ဆိုပါတယ်။  ဗြိတိန်နိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ နှစ်သိန်း လေးသောင်းကျော်နဲ့ သေဆုံးသူ သုံးသောင်းလေးထောင်ကျော်ပြီလို့ သိရပါတယ်။  
11 months Ago
Up