ဗျူးနော့စ်အေးရီးစ်

February 20, 2020

အာဂျင်တီးနားတွင် ဆယ်ကျော်သက်အရွယ် လူငယ် ၁ ဦးအသတ်ခံရမှု တရားမျှတရေး တောင်းဆို 

အာဂျင်တီးနားမြို့တော် ဗျူးနော့စ်အေးရီးစ်က အောက်လွှတ်တော်အပြင်ဘက်မှာ ထောင်နဲ့ချီတဲ့လူတွေ ဖေဖော်ဝါရီ ၁၈ ရက်က စုရုံးခဲ့ကြပြီး အသက် ၁၉ နှစ်အရွယ် ဖာနန်ဒို ဘေးဇ်ဆိုဇာ အသတ်ခံရမှုအတွက် တရားမျှတမှုကို တောင်းဆိုကြပါတယ်။  ရပ်ဘီအားကစားသမားတွေနဲ့ အော်ကြီးဟစ်ကျယ် ငြင်းခုံမှုအတွင်း သူအသတ်ခံရ တာလို့ အစီရင်ခံစာတွေက ဆိုပါတယ်။ ဆယ်ကျော်သက် လူငယ်သေဆုံးတဲ့အထိ လမ်းပေါ် ရန်ဖြစ်ရာမှာ ပါဝင်မှုအတွက် ကစားသမား ၁၁ယောက် အဖမ်းခံရပါတယ်။  ဘေးဇ်ဆိုဇာဟာ ဒဏ်ရာအကြီးအကျယ်ရပြီး မြေပေါ်မှာ လဲနေတာတောင်မှာ ရန်လိုသူတွေက အုပ်စုလိုက် ဝိုင်းပြီး တိုက်ခိုက်ခဲ့ကြတယ်လို့ ဒေသခံ မီဒီယာက  ဖော်ပြပါတယ်။
2 years Ago
Up