ဗျူဟာမြောက်အမှား

September 16, 2020

ဒေသတွင်း ဗျူဟာမြောက်အမှားများ မပြုလုပ်ရန် အီရန်က အမေရိကန်ကို သတိပေး

အီရန်အစိုးရက အမေရိကန်အစိုးရကို ဒေသတွင်းမှာ ဗျူဟာမြောက်အမှားတွေ မလုပ်ဖို့ စက်တင်ဘာ ၁၅ ရက်က သတိပေးလိုက်ပါတယ်။ တကယ်လို့ အီရန်ဟာ ဇန်နဝါရီလတုန်းက စစ်ဦးစီးချုပ် ကာဆမ်ဆူလေမာနီ အသတ်ခံရမှုကို လက်တုံ့ပြန်ခဲ့ရင် အဆတထောင် ပိုကြီးကြီး တုံ့ပြန်မှုနဲ့ တွေ့ရမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။ ဘဂ္ဂဒက်လေဆိပ်မှာ ဆူလေမာနီကို ဒရုန်းယာဉ်နဲ့ ဇန်နဝါရီ ၃ ရက်က သတ်ဖြတ်မှုကြောင့် အီရန်က အီရတ်နိုင်ငံထဲမှာရှိတဲ့ အမေရိကန်တပ်တွေကို ဒုံးကျည်နဲ့ ပစ်ခတ် လက်စားချေခဲ့ပြီး အီရန်နဲ့ အမေရိကန်ကြား စစ်ဖြစ်လုနီးပါး ဖြစ်ခဲ့ပါတယ်။ အီရန်ရဲ့ လက်ရွေးစင်တော်လှန်ရေးအစောင့်တပ် ခေါင်းဆောင် ဆူလေမာနီဟာ အီရန်ရဲ့ အရှေ့အလယ်ပိုင်း စစ်ရေးသြဇာကို တိုးချဲ့တဲ့နေရာမှာ အရေးပါသူ တယောက် ဖြစ်ပါတယ်။ အသက် ၆၂ နှစ်အရွယ် ဆူလေမာနီကို အီရန်မှာ ခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေးနီ ပြီးရင် ဒုတိယသြဇာအကြီးဆုံးသူအဖြစ် ပြည်တွင်း ပြည်ပမှာ မှတ်ယူထားကြတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
1 year Ago
Up