ဗံ့းကွဲ

September 15, 2021

ပြည်ကြီးတံခွန်မြို့နယ်တွင် ရပ်ကွက်ရုံး ဗုံးကွဲ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက်၊ ၅၆ လမ်း နဲ့ လမ်း ၁၃၀ အနီးက ရပ်ကွက်ရုံးမှာ စစ်ကောင်စီတပ်သားတွေလှည့်နေတဲ့ကြားက စက်တင်ဘာလ ၁၅ ရက် ညနေ ၅ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ ပါတယ်။

ဆိုင်ကယ်နဲ့ လူငယ်တွေက လက်လုပ်ဗုံး ပစ်သွားတာဖြစ်ပြီး ရုံးအပြင်မှာ ပေါက်ကွဲကာ ဗုံးပေါက်ကွဲမှုကြောင့် အထိအခိုက်အပျက်အစီးမရှိဘူးလို့ သိရပါတယ်။

“ညနေ လေးနာရီခွဲ ငါးနာရီလောက်က ရပ်ကွက်ရုံးကို လက်လုပ်ဗုံးလာပစ်တာ။ ဗုံးက ရုံးအပြင်ဘက်မှာကွဲတယ်ပြောတယ်။ ထိခိုက် ပျက်စီးမရှိဘူး။” လို့ ရပ်ကွက်နေပြည်သူတစ်ဦး က ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး အနီးပတ်ဝန်းကျင်မှာ စစ်ဆေးခဲ့ တယ်လို့ သိရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ် အရှေ့ခြမ်း၊ စက်မှုဘက်တွေမှာ ဒီကနေ့ မနက်ပိုင်းကတည်းက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တစ်အိမ်တက်ဆင်း မေးမြန်းစုံစမ်းတာတွေ လုပ်နေကြတာဖြစ်ပါတယ်။

2 years Ago
Up