ဗုံး ၂ လုံးပေါက်ကွဲ

February 10, 2018

လစ်ဗျား ဗလီတလုံးတွင် ဗုံး ၂ လုံးပေါက်ကွဲ၊ ၂ ဦးသေ ၅၅ ဦး ဒဏ်ရာရ

လစ်ဗျားနိုင်ငံ အရှေ့ပိုင်း ဘန်ဂါဇီမြို့ထဲက ဗလီတလုံးထဲမှာ ဖေဖော်ဝါရီ ၉ ရက်က ဗုံး ၂ လုံး ပေါက်ကွဲခဲ့လို့ လူ ၂ ယောက် သေဆုံးပြီး ၅၅ယောက် ဒဏ်ရာရတယ်လို့ ဆေးဘက်အဖွဲ့က ပြောပါတယ်။ လစ်ဗျားရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ဘန်ဂါဇီမြို့မှာ အရင် ၂ ပတ်ကလည်း ဗလီ တလုံးအတွင်း ဗုံးနှစ်လုံးပေါက်ကွဲခဲ့လို့ လူ ၃၅ ယောက် သေဆုံးခဲ့ ပါသေးတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့က ဝတ်ပြုပွဲအတွင်း ဗုံးပေါက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဗလီတံခါးမှာ ချထားတဲ့ အိတ်တွေထဲက ပစ္စည်းတွေဟာ လက်ကိုင်ဖုန်းကို သုံးပြီး အဝေးကနေ ဖောက်ခွဲခဲ့တာ ဖြစ်ပုံရတယ်လို့ စစ်တပ် သတင်းရင်းမြစ်က ပြောပါတယ်။ ဘန်ဂါဇီမြို့ကို လစ်ဗျားအမျိုးသား စစ်တပ်က ထိန်းချုပ်ထားပါတယ်။ စစ်ဦးစီးမှူးဟောင်း ခါလီဖှာဟဲ့ဖှ်တာ ဦးဆောင်တဲ့ လစ်ဗျားအမျိုးသား တပ်မတော် (LNA)က  ထိန်းချုပ်ထားပါတယ်။ LNA ဟာ လောလောဆယ် အယ်လ်ကေဒါတွေနဲ့ အစ္စလာမ္မစ် နိုင်ငံအမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေ အပါအဝင် အစ္စလာမ္မစ် အုပ်စုတွေနဲ့ တိုက်ပွဲဖြစ်နေပါတယ်။ ၂၀၁၈ နှစ်ကုန်ပိုင်းမှာ ကိုင်စွဲရနိုင်တဲ့ အမျိုးသား ရွေးကောက်ပွဲတွေကို ကျင်းပတော့မှာပါ။ စစ်ရေး၊ နိုင်ငံရေး အကွဲအပြဲတွေကြားမှာ တိုင်းပြည်ရဲ့ အဓိက စိန်ခေါ်မှုတွေကို ဖျန်ဖြေဖို့ ကြိုးစားခဲ့ပါတယ်။
4 years Ago
Up