ဗုံးပေါက်ကွဲမှုကြောင့် ထိုင်းစစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ

A d v e r t i s e m e n t With Us

April 4, 2016

ဗုံးပေါက်ကွဲမှုကြောင့် ထိုင်းစစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ တပ်ခ်ဘိန်းခရိုင်ထဲမှာ ဒီကနေ့ ဧပြီ ၄ ရက် မနက်ပိုင်းမှာ ဗုံးပေါက်ကွဲမှုကြောင့် စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ အဲဒီစစ်သား ၃ ဦးဟာ နရသီဝပ်တပ်ရင်း ၃၁ မှ နတ်ဆရီလောင်ဆို၊ ဆက်ခ်ဆစ် ချိုင်ပီမိုနဲ့ ဆက်သစ်ဘင်နာဝါတို့ ဖြစ်ကြပြီး စစ်မှုမထမ်းမနေရစနစ်နဲ့ လုံခြုံရေးသင်တန်း တက်ခဲ့အပြီး တပ်ရင်းဆီအပြန်မှာ ခုလိုဖြစ်ခဲ့တာပါ။ သူတို့ဟာ ပစ်ကပ်ထရပ်ကားတစီးနဲ့ ပြန်လာခဲ့ကြချိန် ဘန်ချွန်ဘော့ခ်နဲ့ ဘန်ခိုဆက်သွန်အကြား လမ်းမပေါ်မှာ မနက် ၇ နာရီ ၁၅ မိနစ်အချိန် ဗုံးတလုံးပေါက်ကွဲခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် စစ်သား ၃ ဦးလုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတာပါ။
5 years Ago
Up