ဗုံးသီး

A d v e r t i s e m e n t With Us

April 27, 2019

နမ့်ခမ်းတွင် ဗုံးတလုံးကို ဆော့ကစားရာမှ ပေါက်ကွဲ၊ ကလေး ၂ ဦးသေ ၈ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်မှာ မနေ့ညနေပိုင်းက မန်ပန်ရွာနားမှာတွေ့တဲ့ ဗုံးတလုံးကို ကလေးတွေ ဆော့ကစားရင်း ပေါက်ကွဲလို့ ၂ ယောက် သေဆုံးသွားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ မန်ပန်ရွာမှာ ဖြစ်ခဲ့ပြီး ၈ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ နမ့်ခမ်းမြို့နယ် တအာင်း စာပေယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ကျော်က ပြောပါတယ်။ “ရွာနားမှာ တွေ့တဲ့ ဗုံးကိုဆော့တာ။ ပေါက်ကွဲတော့ ၁၀ ယောက်ကို ထိတယ်။ ၂ ယောက် ပွဲချင်းပြီး သေတယ်။ ၈ ယောက်ကိုတော့ နမ့်ခမ်းဆေးရုံပို့ထားရတယ်။ ဆေးရုံတက်နေရတဲ့ ကလေးတွေထဲမှာ ၂ ယောက်ကတော့ နည်းနည်း စိုးရိမ်ရတယ်” လို့ ပြောပါတယ်။ ယောက်ျားလေးတယောက်နဲ့ မိန်းကလေးတယောက် သေဆုံးခဲ့တာ ဖြစ်ပြီး ကလေးတွေဟာ အသက် ၂ နှစ်ကနေ ၈ နှစ်လောက် အရွယ်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
2 years Ago

November 11, 2018

မြစ်ကြီးနားမြို့၌ ဗုံးသီးဟောင်း ၁ လုံး တွေ့ရှိ

မြစ်ကြီးနားမြို့၊ ခေမာသီရိ ရပ်ကွက်မှာ မနေ့ညနေ ၃ နာရီလောက် ဗုံးသီးဟောင်း ၁ လုံး တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ခိုင်မာသောပန်းတိုင်ကုမ္ပဏီက ရေနုတ်မြောင်းတူးဖော်ဖို့ မြေသားနံရံအား ညှိနေစဉ် မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့ရုံးရှေ့ အုတ်တံတိုင်းအပြင်ဘက် ၂ ပေ လောက်အကွာမှာ အရှည် ၃ ပေ ၅ လက်မလောက်ရှိ သံချေးတက်နေတဲ့ ဗုံးသီးဟောင်း ၁ လုံး (စိစစ်ဆဲ) တွေ့ရှိခဲ့တာပါ။ မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့ရုံးမှ ရဲတပ်ဖွဲ့ဝင်တွေ၊ စအရ (၉၀၁) မှ တပ်မတော်သားတွေ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
2 years Ago
More News
Up