ဗုံးကွဲမှု

A d v e r t i s e m e n t With Us

September 12, 2016

ခန္တီးမြို့နယ်တွင် ဗုံးကွဲမှုဖြစ်ပွား၊ လူ ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် နမ့်စီပွန်ရွာအနီ ကျောက်စိမ်းမှော်သွားလမ်းပေါ်မှာ စက်တင်ဘာ ၉ ရက်မနက်က လက်လုပ်ဗုံး ၁ လုံး ပေါက်ကွဲပြီး လူတဦး သေဆုံးသွားတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။ တွေ့ရှိတဲ့ လက်လုပ်ဗုံးဟာ မိုးရေစိုပြီး မပေါက်ကွဲသေးတဲ့ ဗုံး ၄လုံးနဲ့ ပေါက်ကွဲသွားတဲ့ ဗုံး ၁လုံးအပါအ၀င် စုစုပေါင်း ၅ လုံးဖြစ်ပြီး အရှည် ၁၈ လက်မလောက်ရှိတဲ့ အနီအနက် ၀ါယာကြိုးတစ်ချောင်းနဲ့ ဓာတ်ခဲ ၄ လုံးလည်းတွေ့ရတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားရာနေရာကို နယ်မြေခံ တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ သွားရောက် ကြည့်ရှူစစ်ဆေးရာမှာ ကြွပ်ကြွပ်အိတ်နဲ့ ထည့်ထားတဲ့ စနက်တံ မတပ်ရသေးတဲ့ လက်လုပ်ဗုံး ၂ လုံးနဲ့ မပေါက်ကွဲသေးတဲ့ ဗုံး ၂ လုံး တို့ကိုလည်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ဗုံးကွဲမှုမှာ သေဆုံးသွားသူဘယ်သူဘယ်ဝါဆိုတာနဲ့ ဒီဗုံးတွေဟာ ဘယ်သူတွေ ဘယ်အဖွဲ့အစည်းတွေရဲ့ ဗုံးတွေလည်း ဆိုတာကိုတော့ မသိရသေးပါဘူး။ ဓာတ်ပုံ - အောင်ဆန်းမြင့် (ခန္တီး)
4 years Ago
Up