ဗုံး

July 26, 2019

မိတ္ထီလာတွင် ယာမြေအား ထွန်ယက်ရာမှ စစ်ကျန်ဗုံသီးဟောင်း တွေ့ရှိ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ လျှော်ဖြူကန်အုပ်စု GTC ကျောင်း မြောက်ဘက်ရှိ ယာမြေအား ဇူလိုင် ၂၅ ရက်ညနေက ထွန်စက်နဲ့ ထွန်ယက်မြေညှိရာမှ စစ်ကျန်ဗုံးသီးဟောင်း ၁ လုံး တွေ့ရှိရတယ်လို့ မိတ္ထီလာအမှတ်(၃) ရဲစခန်းက ပြောပါတယ်။ ဦးထွန်းစံရှိန်ပိုင်တဲ့ ဦးပိုင်အမှတ် ၂၅ ကွင်းအမှတ် ၆၂၇ ဆင်သေရိုးကွင်းက ၂ ဧကကျော်ရှိ ယာမြေကို ထွန်ယက်မြေညှိစဉ် စစ်ကျန်ဗုံးသီးဟောင်းကို တွေ့ရှိခဲ့တာပါ။ မိတ္ထီလာအမှတ် ၃ ရဲစခန်းတာဝန်ကျ ရဲအရာရှိက “ယာမြေကို ထွန်လိုက်တော့ သံချေးတက်နေတဲ့ ဗုံးသီဟောင်း ပေါ်လာတယ်။ အလျား ၉ လက်မ၊ လုံးပတ် ၁၀ လက်မ ရှိတယ်။ စစ်မြေပြင် အင်ဂျင်နီယာတပ်ကို လွှဲပြောင်းပေးသွားမှာပါ” လို့ ပြောပါတယ်။ ဇူလိုင် ၂၅ ရက် ညနေ ၆ နာရီလောက်မှာပဲ အမှတ် ၉၁၁ စစ်မြေပြင် အင်ဂျင်နီယာတပ်ကို စစ်ကျန်ဗုံးသီးဟောင်း လွှဲပြောင်းပေးလိုက်ပြီလို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း
2 years Ago

March 8, 2019

စစ်ကိုင်းမြို့ သံရည်ကျိုစက်ရုံတွင် ဗုံးသီးဟောင်း ၂ လုံး တွေ့ရှိ

စစ်ကိုင်းမြို့ စက်မှုဇုန် သံရည်ကျိုစက်ရုံတခုမှာ ဗုံးသီးဟောင်း ၂ လုံး တွေ့ရှိ သိမ်းဆည်းခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ မတ် ၇ ရက်နေ့ ညနေပိုင်းက စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ ပတ္တမြား စက်မှုဇုံ “ကျုံရီ” သံရည်ကျိုစက်ရုံမှာ စက်ရုံကြီးကြပ်ရေးမှူး ဦးမောင်မောင်မြင့်ဟာ သံရည်ကျိုရန်စုပုံထားတဲ့ သံတိုသံစ မျိုးစုံအတွင်းမှ RPG ဗုံးသီးဟောင်း ၁ လုံးနဲ့ BA-100 ဗုံးသီး ဟောင်း ၁ လုံး၊ စုစုပေါင်း ဗုံးသီးဟောင်း ၂ လုံးတို့အား တွေ့ရှိခဲ့တာပါ။ ဗုံးသီးဟောင်း ၂ လုံးကို စစ်ကိုင်းရဲကင်း စခန်းမှူး ရဲအုပ်ဇော်ထွန်း ဦးစီးသည့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး စအရ ၉၀၉ ကို သိမ်းဆည်းသယ်ဆောင်သွားတယ်လို့ သိရပါတယ်။
2 years Ago
More News
Up