ဗုံး‌ပေါက်ကွဲ

June 2, 2021

ရေကြည်မြို့တွင် ဗုံး‌ပေါက်ကွဲမှုများဖြစ်ပွား

ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာ ဇွန်လ ၁ ရက် ည ၈ နာရီ‌ကျော်လောက်က ဗုံး‌ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

“ည ၈ နာရီလောက်မှာ ရေကြည်၊ အထက ၁ ရှေ့မှာပေါက်တယ်။ သိပ်မကြာဘူး၊ မြို့မနဲ့ ပညာရေးမှူးရုံးကြားမှ တစ်လုံးထပ်ပေါက်တယ်။ အသံက အရမ်းကျယ်၊ လက်ရှိအချိန်အထိ ထိခိုက်မှုရှိမရှိမသိရသေးဘူး”လို့ ရေကြည်မြို့ခံတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲပြီးနောက် မြို့ထဲကို စစ်ကားတွေ ရဲကားတွေလှည့်နေပြီး ပေါက်ကွဲတဲ့ အချိန်တွေက ညမထွက်ရအချိန်တွေဖြစ်နေတယ်လို့ ရေကြည်မြို့ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ရေကြည်မြို့နယ်ထဲက အသုတ်မြို့၊ ငါးသိုင်းချောင်းမြို့တွေမှာလည်း ဇွန် ၁ ရက်နေ့က ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

8 months Ago
Up