ဗုံးဖောက်ခွဲ၊ ၃၁ ဦး သေဆုံး

June 10, 2017

အီရတ်နိုင်ငံမှ ဈေးတခုကို အမျိုးသမီး အသေခံဗုံးခွဲသမားက ဗုံးဖောက်ခွဲ၊ ၃၁ ဦး သေဆုံး

အမျိုးသမီး အသေခံဗုံးခွဲသမားတယောက်က အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒတ်တောင်ပိုင်း မူဆာယဘ်မြို့ထဲက လူထူတဲ့ ဈေးထဲမှာ ဇွန် ၉ ရက်နေ့က ဖောက်ခွဲခဲ့လို့ အနည်းဆုံး လူ ၃၁ ယောက် သေဆုံးပြီး ၃၅ ယောက် ဒဏ်ရာရတယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ အခင်းဖြစ်ရာ နေရာဟာ ရှီးယိုက် မွတ်စလင်တွေရဲ့ ဘာသာရေးမြို့ ခါဘာလာနဲ့ ကီလို ၃၀ သာ ဝေးပါတယ်။ တချိန်တည်းမှာပဲ ကာဘာလာ မြို့လယ်က ဘတ်စ်ကား မှတ်တိုင်လည်း အသေခံ တိုက်ခိုက်ခံရပြီး ၂ ခုလုံးကို သူတို့လုပ်တာလို့ အစ္စလာမစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက အခိုင်အမာ ပြောပါတယ်။ ကားမှတ်တိုင် တိုက်ခိုက်မှုက ဗုံးခွဲတာ ဟုတ်၊ မဟုတ် အိုင်အက်စ်တွေရဲ့ အာမဒ် သတင်းဌာနက မဖော်ပြခဲ့ပါဘူး။ ကာဘာလာ ဗုံးကွဲမှုမှာ  လူ ၄ ဦး ဒဏ်ရာရတယ်။ တိုက်ခိုက်သူက အမျိုးသမီးဖြစ်ပြီး ဗုံးကို သူ့ဝတ်ရုံထဲမှာ ဝှက်လာခဲ့တာလို့ လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ အီရတ်နိုင်ငံအတွင်း အမာခံ ဆွန်နီမွတ်စလင် အိုင်အက်စ်တွဟာ မိုဆူးမြို့ကို ဆုံးရှုံးခါနီးနေပါပြီ။ ပြီးခဲ့တဲ့ အောက်တိုဘာလတည်းက အမေရိကန် ကျောထောက်နောက်ခံ ပေးထားတဲ့ အီရတ်တပ်တွေက ထိုးစစ်ဆင်နေတာပါ။ အိုင်အက်စ်တွေရဲ့ နောက်ထပ် ခြေကုပ်တခုက အိမ်နီးချင်း ဆီးရီးယားနိုင်ငံထဲမှာ ရှိပြီး ရက်ကာမြို့ကို သူတို့ရဲ့မြို့တော်အဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီမြို့ကိုလည်း အမေရိကန် ကျောထောက် နောက်ခံပေးထားတဲ့ ကာဒစ်ရှ် မွတ်စလင်တွေ ဦးဆောင်တဲ့ ညွန့်ပေါင်းစစ်တပ်က ထိုးစစ်ဆင်နေပါတယ်။
4 years Ago
Up