ဗုံးသီးဟောင်းပေါက်ကွဲ

July 9, 2020

ကွတ်ခိုင်တွင် ဗုံးသီးဟောင်းပေါက်ကွဲ၊ ရွာသား ၇ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာတိုက်နယ်ထဲမှာ မနေ့က ဗုံးသီးဟောင်း ၁ လုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရွာသား ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။  နမ့်ဖတ်ကာရဲ့ အရှေ့ဘက် ၄ မိုင်ကျော်အကွာရှိ ပန်ကိုင်အုပ်စု နမ့်ခွမ်ရွာဟောင်းက ရွာသားတွေဟာ ဇူလိုင် ၈ ရက် နေ့လယ်ပိုင်းက တောင်ယာထဲ အလုပ်လုပ်နေစဉ် ရွာသား ၁ ယောက်က ပေါက်ပြားနဲ့ ဗုံးဟောင်း ၁ လုံးကို ‌ပေါက်မိရာမှ ပေါက်ကွဲသွားတာလို့ ဒဏ်ရာရရွာသားတွေကို ဆေးရုံပို့ဆောင်ပေးခဲ့တဲ့ နမ့်ဖတ်ကာအခြေစိုက် မေတ္တာရှင်လူမှု ကူညီရေး အသင်း နာယကဖြစ်သူက ဒီဗွီဘီကို ပြောပါတယ်။  “ဖြစ်ဖြစ်ချင်း သူတို့က နမ့်ဖတ်ကာပလောင်လူမှုကူညီရေးအသင်းကို အရင်ဆုံးဆက်သွယ်လာ တယ်၊ အဲဒီအသင်းက သူတို့ကို နမ့်ဖတ်ကာတိုက်နယ်ဆေးရုံခေါ်လာတယ်။ အားလုံး ၇ ယောက်၊ ၅ ယောက်က ဗုံးဆန်ကခဲဖတ်တွေ ကိုယ်ထဲကျန်နေတော့ ဖယ်ထုတ်ဖို့ လားရှိုးဆေးရုံကို ပို့လိုက်ရတယ်၊ ကျနော်တို့ အသင်းက ကားနဲ့ပေါ့။   ၂ ယောက်ကတော့ နမ့်ဖ တ်ကာဆေးရုံမှာပဲ၊ ဒဏ်ရာတွေက အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ ခဲစတွေက မျက်နှာနဲ့ လက်တွေ ကိုယ်တွေမှာမှန်တာ၊ လမ်းလျှောက်နိုင်တယ်၊ အစာစားနိုင်တယ်။” အဲဒီဒေသမှာ လတ်တလော တိုက်ပွဲတွေတော့ မရှိကြောင်း၊ ယခင်က စစ်ကြောင်းတွေ ဖြတ်သန်းသွားလာရင်း ကျခဲ့ဟန်တူတယ်လို့ ရွာသားတွေက ခန့်မှန်းပြောဆိုပါတယ်။  ဗုံးသီးဟောင်းပေါက်ကွဲပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူနဲ့ တပ်မတော်သားတွေ သွားရောက်စစ်ဆေးခဲ့ကြတယ်လို့ ဆိုပါတယ်။ 
10 months Ago
Up