ဗုံးသီးဟောင်း

A d v e r t i s e m e n t With Us

January 3, 2021

ကျောက်ဆည်တွင် တွေ့ရှိခဲ့သည့် ဗုံးသီးဟောင်းကို ဖျက်ဆီးမည်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပုန်းညှက်ကျေး ကျေးရွာအနီး ကွမ်းဆေးမြောင်းအတွင်းမှာ ဇန်နဝါရီ ၁ ရက်နေ့က တွေ့ရှိခဲ့တဲ့ ဗုံးသီးဟောင်းကို ဖျက်ဆီးသွားမယ်လို့ သိရပါတယ်။ ဒေသခံတစ်ဦး ​မြောင်းထဲရေဆင်းခပ်ရင်း ချိတ်မိတွေ့ရှိခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ သွားရောစစ်ဆေးတဲ့အခါ အလျား ၃ ပေ ၇ လက်မ ဒလက်နောက်ပိတ် ၄ ခုပါတဲ့ လေယာဥ်ပစ်ဗုံးသီးဟောင်းဖြစ်နေတာကို တွေ့ရတယ်လို့ ​​​သံရွာနယ်​မြေရဲစခန်းမှူး ဦးထွန်းမြိုင်က ပြောပါတယ်။ အလေးချိန်ပေါင် ၁၀၀ လောက်ရှိပြီး ၁၉၄၂ ခုနှစ်လောက်တုန်းက လေယာဥ်သုံး ဗုံးဖြစ်မယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။ အန္တရာယ်ကင်းအောင် ကားတာယာတွေနဲ့ ကာထားပြီး သုံးလို့မရတော့တဲ့ဗုံးဖြစ်တာကြောင့် ဖျက်ဆီးသွားမယ်လို့ သိရပါတယ်။ လက်ရှိမှာ အဲဒီဗုံးသီးကို ကျောက်ဆည်မြို့နယ် နယ်မြေခံတပ်ရင်းကို လွှဲပြောင်းထားတယ်လို့ စခန်းမှူးက ပြောပါတယ်။ သတင်း - နွေလှိုင်း(YU)
2 months Ago
Up