ဗုံးသီး

February 11, 2020

ဗုံးသီးကို နွားကျောင်းသားက ဓားဖြင့်ခုတ်ရာမှ ပေါက်ကွဲမှုဖြစ်၍ ပြင်းထန်ဒဏ်ရာရ

မကွေးတိုင်း၊ မင်းလှမြို့နယ် သပြေတောကျေးရွာတောင်ဘက် ၃ မိုင်ခန့်ရှိ မလွန် စက်ပစ်ကွင်းဧရိယာအတွင်းမှာတွေ့ရှိတဲ့ ဗုံးသီးတလုံးကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းမှာ နွားကျောင်းသားတယောက်က ဓာမနဲ့ခုတ်တာကြောင့် ပေါက်ကွဲမှုဖြစ်ပွားပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မင်းလှမြို့နယ်ရဲတပ်ဖွဲ့ ဒုမြို့နယ်ရံမှူး ဒုရဲမှူးကြည်စိုးက “ဟုတ်ပါတယ်၊ ဖြစ်စဉ်အမှန်ဖြစ်ပွား ခဲ့တာပါ။ ဇော်လတ်ဆိုသူက ဗုံးသီးကို ပါလာတဲ့ ဓားမနဲ့ထုလို့ ပေါက်ကွဲပြီး သူရဲ့ခန္ဓာကိုယ် ဝဲဘက်ရင်အုံပျောက်ပြဲဒဏ်ရာ၊ ဝဲလက်ကောက် ဝတ်(ပြတ်လုနီး) ဒဏ်ရာ၊ ယာဘက်ခြေညှိး/ခြေခလယ်ပြတ်ဒဏ်ရာ၊ ဝဲယာခြေ ၂ ဖက်ပေါက်ပြဲ ဒဏ်ရာ(စိုးရိမ်ရ)တွေ ရရှိခဲ့ပြီး မကွေးတိုင်းပြည်သူ့ ဆေးရုံကြီးကို ပိုဆောင်ကုပေးတယ်” လို့ ပြောပါတယ်။ အဆိုပါစက်ပစ်ကွင်းဧရိယာနယ်မြေကို ဖေဖော်ရီ ၆ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နယ်မြေရှင်းလင်းရေး ဧရိယာနယ်မြေအဖြစ် သတ်မှတ်ထားပြီး အနီးပတ်ဝန်းကျင် ကျေးရွာတွေကို အသိပေးထားတယ်လို့ သိရပါတယ်။ တင်ရွှေ(မင်းဘူး)
1 year Ago

February 14, 2017

ဗုံးသီးဟောင်းနှင့် ကျည်ဆန်များ ကသာမြို့တွင် တွေ့ရှိ

  စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ အမှတ် (၄) ရပ်ကွက် တာရိုးလမ်း စစ်ဝင်းဆိပ် တောင်ဆင်းမှာ ဖေဖော်ဝါရီလ ၁၄ ရက် မနက်ပိုင်းအချိန်က ဗုံးသီး ဟောင်းတွေ နဲ့ ကျည်ဆန်တွေကို တွေ့ရှိခဲ့ပါတယ်။ ကသာ မြို့နယ်စည်ပင် အဖွဲ့မှ လက်ထောက် အင်ဂျင်နီယာ ဦးကြာလင်း ဦးဆောင်ပြီး ဘက်ဟိုးအသေးစားနဲ့ လမ်းချဲ့ခြင်း ဆောင်ရွက်ရာက ဒုတိယ ကမ္ဘာစစ်အတွင်းက ဗုံးသီးဟောင်းတွေကို တွေ့ရှိခဲ့တာ လို့ ဆိုပါတယ်။ ပွိုင့် ၃၀၃ ရိုင်ဖယ်ကျည်ဆံ (၅၆) တောင့်၊ အရှည် (၁) ပေ လုံးပတ် (၉) လက္မခန့်ရှိ အမြောက်ကျည်ဆန် (၅) လုံး၊ အရှည် (၉) လက်မ လုံးပတ် (၉) လက်မခန့်ရှိ အမြောက်ကျည်ဆန် (၁၄) လုံး၊ အရှည် (၄) လက်မခွဲ လုံးပတ် (၇) လက်မခန့်ရှိ (၁) လုံးတို့ကို တွေ့ရှိခဲ့တာပါ ။ အဆိုပါ တွေ့ရှိခဲ့တဲ့ ဗုံးသီးဟောင်းတွေကို အမှတ် (၉၀၉) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး  ခမရ (၃၀၉) သို့ သယ်ယူထိန်းသိမ်းခဲ့တယ် လို့ သိရပါတယ်။ သတင်း - သီဟဆွေ (ကသာ)  
4 years Ago
Up