ဗုံးဖြင့်ပစ်ခံရ

September 17, 2021

မဟာအောင်မြေမြို့နယ်က အသစ်ပြန်ဆောက်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးဖြင့်ပစ်ခံရ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျက်မော် အနောက်ရပ်ကွက်မှာ အသစ်ပြန်ဆောက် နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက ဗုံးနဲ့ ပစ်ခံရတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

သံလျက်မော် အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဟာ မေလ ၁ ရက် ညပိုင်းက မီးလောင်ခဲ့တာကြောင့် အခုအခါ ပြန်လည်ဆောက်လုပ်နေတာဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် လူအထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။

အသစ်ပြန်ဆောက်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဘယ်အဖွဲ့က ဗုံးဖောက်ခွဲတယ်ဆိုတာတော့ မသိရသေးပါဘူး။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ဆောက်တာနဲ့ ပတ်သက်လို့ ရပ်တန့်ပေးဖို့ GZP ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။

4 weeks Ago
Up