ဗုံးဖြင့်တိုက်ခိုက်ခံရ

January 22, 2022

စစ်ကိုင်းမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ ဗုံးဖြင့်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်မှာရှိတဲ  ကမ္ဘောဇဘဏ်ခွဲ (၁) ကို ဇန်နဝါရီ ၂၂ ရက် ညနေ ၆ နာရီလောက်က  ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့  ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

စစ်ကိုင်းမြို့ ကမ္ဘောဇဘဏ်ခွဲတိုက်မှုကို မိုးကြိုးပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်တာဖြစ်ပြီး  ထိခိုက်အပျက်အစီးမှုကိုတော့ မသိရှိရသေးဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။ 

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာလည်း ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်ရှိ ကမ္ဘောဇဘဏ် ပြည်ကျော်ဈေးဘဏ်ခွဲကို ဇန်နဝါရီ ၂၂ ရက်   ညနေ ၆ နာရီကျော်က  မီးပုလင်းနဲ့ ပစ်ခံခဲ့ရပါတယ်။

5 months Ago
Up