ဗုံးဖောက်ခွဲ

September 13, 2021

ဟုမ္မလင်းမြို့နယ် နမ့်တောရဲစခန်း ဗုံးဖောက်ခွဲခံရ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နမ့်တောကျေးရွာရှိ၊ နမ့်တောရဲစခန်း စက်တင်ဘာ ၁၂ ရက် ညနေ ၆ နာရီက ဗုံးဖောက်ခွဲခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးနဲ့ပစ် ဖောက်ခွဲခံရတဲ့အတွက် စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားတွေက ပြန်လည် ပစ်ခတ်တာရှိပေမယ့် ထိခိုက်ဒဏ်ရာရတာ မသိရဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

“ရဲစခန်းဘက်ကနေ အသံအကျယ်ကြီးကြားလိုက်တယ်။ ဗုံးကြောင့် ထိခိုက်မရှိဘူးလို့ ပြောတယ်။ ဗုံးပစ်ခံရတော့ စခန်းက လူတွေလည်း ပြန်ပစ်တာပေါ့။ တခြား ထိခိုက်ဒဏ်ရာရှိတယ်လို့တော့ အခုထိ မသိရသေးဘူး။”

နမ့်တောရဲစခန်းကို ဗုံးနဲ့ပစ်တဲ့သူတွေကို ဖမ်းဆီးရမိတာ မရှိသလို ဘယ်အဖွဲ့က ပစ်တယ်ဆိုတာ မသိရသေးပါဘူး။

1 month Ago

August 21, 2021

ညောင်တုန်းမြို့နယ်တွင် Mytel ဖုန်း တာဝါတိုင် ၂ ခု ဖောက်ခွဲခံရ

ညောင်တုန်းမြို့နယ်မှာ ဩဂုတ် ၂ဝ ရက် ညပိုင်းက Mytel ဖုန်း တာဝါတိုင် ၂ ခု ဖောက်ခွဲခံရတယ်လို့  ဒေသခံတွေက ပြောပါတယ်။

အုန်းပင်ရွာနဲ့ သူကြီးရွာက တာဝါတိုင်တွေကို ည ၇ နာရီခွဲလောက်က ဗုံးဖောက်ခံလိုက်ရတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ရဲတွေ စုံစမ်းဖို့ရောက်လာတယ်။ တိုင်တွေကတော့ ဘာမှ မဖြစ်ဘူး။ စက်ပိုင်းဆိုင်ရာတွေကတော့ ပျက်သွားတယ်။” 

ဒီနေ့မှာတော့ ညောင်တုန်းမြို့အဝင် ဆောက်လုပ်ရေးဂိတ်မှာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။

 Mytel ဖုန်း တာဝါတိုင် ၂ ခုကို ဘယ်အဖွဲ့က ဖောက်ခွဲတယ်ဆိုတာတော့ မသိရသေးပါဘူး။

2 months Ago
Up