ဗုံးပေါက်၊

August 2, 2019

ဘန်ကောက် ၃ နေရာ ဗုံးပေါက်၊ လူ ၂ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဒီနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး လူ ၂ ဦး ဒဏ်ရာရခဲ့ပါတယ် ။ ပထမဖြစ်ရပ်မှာ ဒီနေ့မနက် ၇ နာရီ ၅ မိနစ်အချိန်က ဘန်ကောက် ရတ်ဆီနယ်မြေ ထုန့်ဆောင်ဟောင့်မြို့နယ်ရှိ အစိုးရဌာနဆိုင်ရာရုံးရဲ့ အဆောက်အဦအမှတ် ဘီအနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ် ။ ဒုတိယဖြစ်ရပ်မှာ မနက် ၉ နာရီ ၁၇ မိ နစ်အချိန်က နွန်းဆီးနယ်မြေ ဘီတီအက်စ်မိုးပျံရထားဘူတာ လှေကားအောက်မှာ ပေါက်ကွဲခဲ့ပါတယ်။ တတိယဖြစ်ရပ်မှာ မနက် ၉ နာရီအချိန်က  ဟွေ့မတ်နယ်မြေ ဖရလမ်းကောက်လမ်း အမှတ် ၅၇/၁ လမ်းသွယ်ရှိ အမှိုက်ပုံအနီး သစ်ရွက်ခြောက်ပုံတွေကြား ပေါက်ကွဲတာဖြစ်ပြီး ဗုံးစတွေဟာ အဲဒီနီးမှာ အမှိုက်လှဲကျင်းနေတဲ့ မြူနီစီ ပယ်လုပ်သား ၂ ဦးကို ထိမှန်ပြီး ဒဏ်ရာရသွားတာပါ။ ဒဏ်ရာရသူ ၂ ဦးလုံး ဆေးရုံပို့လိုက်ရတယ်လို့ ဆိုပါတယ်။ ဗုံးပေါက်ကွဲမှုဖြစ်တဲ့ ဧရိယာတဝိုက်ကို တာဝန်ရှိသူတွေက ကြိုးတားဖြစ်ကန့်သတ်ထားပြီး ဘန်ကောက်အခြား နေရာတွေမှာလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားကာ တာဝန်ရှိသူတွေကလည်း မသင်္ကာတဲ့နေရာတွေကို လိုက်လံစစ်ဆေးနေပါတယ်။
Zawgyi Version ဘန္ေကာက္ ၃ ေနရာ ဗုံးေပါက္၊ လူ ၂ ဦး ဒဏ္ရာရ ဒီဗြီဘီ ထိုင္းႏိုင္ငံ ဘန္ေကာက္မွာ ဒီေန႔ မနက္ပိုင္းက ဗုံးေပါက္ကြဲမႈေတြ ျဖစ္ပြားၿပီး လူ ၂ ဦး ဒဏ္ရာရခဲ့ပါတယ္ ။ ပထမျဖစ္ရပ္မွာ ဒီေန႔မနက္ ၇ နာရီ ၅ မိနစ္အခ်ိန္က ဘန္ေကာက္ ရတ္ဆီနယ္ေျမ ထုန႔္ေဆာင္ေဟာင့္ၿမိဳ႕နယ္ရွိ အစိုးရဌာနဆိုင္ရာ႐ုံးရဲ႕ အေဆာက္အဦအမွတ္ ဘီအနီးမွာ ေပါက္ကြဲမႈျဖစ္ခဲ့ပါတယ္ ။ ဒုတိယျဖစ္ရပ္မွာ မနက္ ၉ နာရီ ၁၇ မိ နစ္အခ်ိန္က ႏြန္းဆီးနယ္ေျမ ဘီတီအက္စ္မိုးပ်ံရထားဘူတာ ေလွကားေအာက္မွာ ေပါက္ကြဲခဲ့ပါတယ္။ တတိယျဖစ္ရပ္မွာ မနက္ ၉ နာရီအခ်ိန္က ေဟြ႕မတ္နယ္ေျမ ဖရလမ္းေကာက္လမ္း အမွတ္ ၅၇/၁ လမ္းသြယ္ရွိ အမႈိက္ပုံအနီး သစ္႐ြက္ေျခာက္ပုံေတြၾကား ေပါက္ကြဲတာျဖစ္ၿပီး ဗုံးစေတြဟာ အဲဒီနီးမွာ အမႈိက္လွဲက်င္းေနတဲ့ ျမဴနီစီ ပယ္လုပ္သား ၂ ဦးကို ထိမွန္ၿပီး ဒဏ္ရာရသြားတာပါ။ ဒဏ္ရာရသူ ၂ ဦးလုံး ေဆး႐ုံပို႔လိုက္ရတယ္လို႔ ဆိုပါတယ္။ ဗုံးေပါက္ကြဲမႈျဖစ္တဲ့ ဧရိယာတဝိုက္ကို တာဝန္ရွိသူေတြက ႀကိဳးတားျဖစ္ကန႔္သတ္ထားၿပီး ဘန္ေကာက္အျခား ေနရာေတြမွာလည္း လုံၿခဳံေရးေတြ တိုးျမႇင့္ခ်ထားကာ တာဝန္ရွိသူေတြကလည္း မသကၤာတဲ့ေနရာေတြကို လိုက္လံစစ္ေဆးေနပါတယ္။
2 years Ago
Up