ဗုံးပေါက်ကွဲမှု

May 16, 2021

မိုးကုတ်မြို့ နှစ်နေရာတွင် ပေါက်ကွဲမှုဖြစ်

မန္တလေးတိုင်း မိုးကုတ်မြို့မှာ မေလ ၁၆ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးဝန်းကျင်နဲ့ ဗျူဟာကုန်းအနီးက ဝန်ထမ်းအိမ်ရာအနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အသံဗုံးလို့ ယူဆရကြောင်း ဒေသခံတွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မသိရသေးပေမယ့် ပျက်စီးမှုအနည်းငယ်ရှိတယ်လို့ သိရပါတယ်။ 

မေလ ၁၃ ရက်နေ့ကလည်း  စည်ပင်ရုံးအနီးဝန်းကျင်မှာ လက်လုပ်ဗုံးတလုံး ပေါက်ကွဲခဲ့သေးတယ်လို့ သိရပါတယ်။

5 mins Ago

သထုံမြို့တွင် တစ်မနက်တည်း ဗုံး ၃ လုံးပေါက်

မွန်ပြည်နယ်၊ သထုံမြို့မှာ မေလ ၁၆ ရက်နေ့ မနက် ၆ နာရီအချိန်‌လောက်က ဗုံး ၃ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

ပထမအကြိမ် ဗုံးပေါက်ကွဲမှုဟာ သထုံမြို့၊ အ.ထ.က (၂) ကျောင်းဝင်းအနီး ရေစင်နားရှိ ရေမြောင်းအတွင်းမှာ ဖြစ်ပွားခဲ့တာပါ။

ဒ့ါအပြင် မနက် ၆ နာရီခွဲလောက်မှာလည်း အ.ထ.က ၂ ကျောင်းဝင်ပေါက်ထွက်ပေါက်နားမှာ ဒုတိယအကြိမ် ဗုံးတစ်လုံး ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

အလားတူ မနက် ၆ နာရီ မိနစ် ၄၀ လောက်မှာ သထုံမြို့၊ အောက်ကျင်းရပ်ကွက် စျေးအနီးရှိ ဇင်ယော်တည်းခိုခန်းနဲ့ မီးသတ်တပ်ဖွဲ့ လူနေလိုင်းခန်းကြားရှိ အမှိုက်ပုံးအတွင်း ဗုံးတစ်လုံး ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

အဆိုပါ ‌ဗုံးပေါက်ကွဲမှု သုံးကြိမ်စလုံးမှာ ပြည်သူ ထိခိုက်ဒဏ်ရာ ရရှိတာတော့ မရှိပါဘူး။

10 hours Ago

May 14, 2021

မြစ်ကြီးနား ကမ္ဘောဇဘဏ်ခွဲ (၁) ရှေ့ ဗုံးပေါက်ကွဲ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ(၁)ရှေ့ စစ်တပ်က လုံခြုံရေးယူထားရာနေရာမှာ  မေလ ၁၄ ရက် မနက် ၆ နာရီလောက်က  ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ လုံခြုံရေး စစ်သားတစ်ယောက်ဒဏ်ရာရရှိပြီး အိမ်စီးကားနဲ့ လာရောက်ခေါ်ဆောင်သွားတယ်လို့ အနီးပတ်ဝန်းကျင်နေသူတွေထံကနေ သိရပါတယ်။

မြစ်ကြီးနားဒေသခံတွေကတော့  ဘဏ်က ATM စက်မှာ ပိုက်ဆံလာမထုတ်ရဲအောင် အာဏာသိမ်းစစ်တပ်က လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။

မေလ ၁၃ ရက်ည ၁၀ နာရီကျော်ကလည်း မြစ်ကြီးနားမြို့၊ အကျဲကျေးရွာအနီးမှာ လက်နက်ကြီးပေါက်ကွဲသံတွေ အချက် ၂၀ ကျော် ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2 days Ago
More News
Up