ဗုံးပေါက်ကွဲ

December 6, 2022

ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင် ဗုံးပေါက်ကွဲ အမျိုးသား ၁ ဦး ဒဏ်ရာရ

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းမြောက် အရှေ့ရပ်ကွက်၊ ပန်းပင်ကြီးလမ်းမပေါ်မှာ ဒီဇင်ဘာ ၅ ရက် မနေ့ည ၉ နာရီဝန်းကျင်က ဗုံးပေါက်ကွဲပြီး အမျိုးသားတယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့  ရပ်ကွက်နေသူတွေထံက သိရပါတယ်။

ပန်းပင်ကြီးလမ်း မျက်မမြင်ကျောင်းရှေ့ လမ်းဘေးမှာရပ်ထားတဲ့ ၁၂ ဘီးကား နှစ်စီးကြားမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး အမျိုးသားတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးက  ပြောပါတယ်။

"အမျိုးသားတဦးထိတာ  ခေါင်းတွေ ခြေထောက်တွေ။ သိပ်တော့မစိုးရိမ်ရဘူး။ စပယ်ယာကောင်လေးထိတာ။ ဆေးရုံကို လူနာတင်ယာဥ်နဲ့ ပို့တာတွေ့တယ်"လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်တွေဟာ ပန်းပင်ကြီးလမ်းတလျှောက် စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

မနေ့ညကလည်း လှိုင်သာယာမြို့နယ်  ၂၀ ရပ်ကွက်နဲ့ ၇ ရပ်ကွက်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အမျိုးသားလေးယောက်နဲ့ အမျိုးသမီးနှစ်ယောက်  ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်ချို့မှာ ဒီဇင်ဘာ ၁ ရက်မှ ၅ ရက်အတွင်း ဗုံးပေါက်ကွဲမှု ခြောက်ကြိမ်ဖြစ်ခဲ့ပြီး အမျိုးသား ၅ ယောက်နဲ့  အမျိုးသမီးနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

4 days Ago

November 23, 2022

ထိုင်းတောင်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်းအတွင်း ဗုံးပေါက်ကွဲပြီး အနည်းဆုံး ၁ ဦးသေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း နာရာသီဝပ်ပြည်နယ် ရဲတပ်ဖွဲ့ဝင်းအတွင်း နိုဝင်ဘာ ၂၂ ရက်က ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့ကြောင်း ရဲအရာရှိတဦးက ပြောကြားခဲ့ပါတယ်။

ပေါက်ကွဲမှုမဖြစ်ပွားခင် ရဲအရာရှိတဦးအဖြစ် ဝတ်ဆင်ထားတဲ့ ဖောက်ခွဲရေးသမား တယောက်ဟာ ဖောက်ခွဲရေးပစ္စည်းတွေ အပြည့်တင်ထားတဲ့ကားကို ရဲခြံဝင်းအတွင်းမှာ ရပ်ထားခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရဲအရာရှိတွေနဲ့ အရပ်သားတွေ အပါအဝင် အနည်းဆုံး ၂၉ ဦး ဒဏ်ရာရရှိသွားပြီး ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြောင်း နာရာသီဝပ် ရာဂျာ နာဂရင်ဒရာ ဆေးရုံမှ ဒါရိုက်တာ ပွန်ပရာဆစ် ဂျန်ထွာက ပြောပါတယ်။ ဒီဖြစ်ရပ်အတွက် ဘယ်သူကမှ တာဝန်ရှိတယ်လို့ မပြောသေးပါဘူး။

မလေးရှားနဲ့ နယ်စပ်တလျှောက်က ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပြည်နယ်တွေဟာ ဆယ်စုနှစ်ချီ သောင်းကျန်းမှုတွေကို ကြုံနေခဲ့ရပြီး ထိုင်းအစိုးရဟာ မွတ်ဆလင်အများစုနေထိုင်ရာ ပတ္တနီ၊ ယာလာ၊ နရသီဝပ်နဲ့ ဆုန်ခလာ ပြည်နယ်တွေအတွက် လွတ်လပ်ရေး တောင်းဆိုနေတဲ့ မှောင်ခိုအဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ရပါတယ်။

2 weeks Ago
More News
Up