ဗုံးနှစ်လုံးပေါက်ကွဲမှု

October 1, 2021

ရေစကြိုမြို့တွင် ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် တပ်ကြပ်ကြီး ၁ ဦး သေ၊ ၄ ဦး ဒဏ်ရာရ

ရေစကြိုမြို့အဝင် စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၁ ရက် ညနေ ၃ နာရီလောက်က ဗုံးနှစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရေစကြို) က မိုင်းနှစ်လုံးဆွဲ တိုက်ခိုက်ခဲ့တာလို့ နိုဝင်ဘာ ၁ရက် ညနေပိုင်းက ထုတ်ပြန်ထားပါတယ်။

ရေစကြိုမြို့အဝင် စစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲမှုမှာ အကြမ်းဖက်စစ်ကောင်စီက တပ်ကြပ်ကြီး ၁ ဦး သေဆုံးခဲ့ပြီး စစ်သား ၂ ဦး၊ ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရေစကြို PDF က ရေစကြိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားရဲ့ အခြေခံအကျဆုံးထောက်တိုင်တွေဖြစ်တဲ့ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ ေားလုံး စက်တင်ဘာ ၃၀ရက် နောက်ဆုံးထား နုတ်ထွက်ကြဖို့ သတိပေးထားပါတယ်။

1 year Ago
Up