ဗုံးခွဲတိုက်ခိုက်မှု

April 11, 2022

လှိုင်သာယာရှိ စစ်အုပ်စုဒေါက်တိုင် စက်ရုံ ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်၊ လှိုင်သာယာမြို့နယ်ရှိ စစ်အုပ်စုဒေါက်တိုင် အထည်ချုပ်စက်ရုံတရုံကို ဧပြီ ၁၀ ရက်ညပိုင်းမှာ ရန်ကုန်မြို့ပြပြောက်ကျား ၃ ဖွဲ့ပူးပေါင်းကာ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့  Free Tiger Ranger အဖွဲ့က ထုတ်ပြန်ပါတယ်။

လှိုင်သာယာမြို့နယ်၊ ရုံးရှေ့နဲ့ တံတားဖြူမှတ်တိုင်ကြားက အဆိုပါ စက်ရုံဟာ စစ်ကောင်စီတပ်ကို အားပေးထောက်ခံနေတဲ့ စက်ရုံတရုံဖြစ်ပြီးတော့ စစ်ကောင်စီအလိုကျ အလုပ်သမားတွေကို ခေါင်းပုံဖြတ် အနိုင်ကျင့်၊ အလုပ်သမားဥပဒေ ချိုးဖောက်နေတယ်လို့ ဆိုပါတယ်။

ခုလို ဗုံးခွဲတိုက်ခိုက်မှုမှာတော့ လှိုင်သာယာမဟာမိတ်ညီနောင်တပ်စုတွေဖြစ်တဲ့ Free Tiger Ranger၊ Spring Revolution Flame နဲ့ Ygn PDF အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကာ လူထိခိုက်သေဆုံးမှု ရှိ၊ မရှိ ကိုတော့ အတိအကျ မသိရှိရသေးဘဲ လုပ်ငန်းရှင်တွေရဲ့ အိမ်စီးကား ၆ စီး ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

4 months Ago

March 30, 2022

မန္တလေးတွင် ဇွဲထက်ရွှေဆိုင် ၁ ဆိုင် ထပ်မံဗုံးခွဲတိုက်ခိုက်ခံရ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်း ၊ ၁၀၉ လမ်းနဲ့ လမ်း ၁၁၀ (မနော်ဟရီလမ်း) ကြားရှိ ဇွဲထက်ရွှေဆိုင် နောက်တဆိုင်ကို မတ်လ ၃၀ ရက် ဒီနေ့ နေ့လယ်ပိုင်းက ဗုံးနဲ့  အပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ရပ်ထားတဲ့ မော်တော်ယာဉ်က မှန်တွေကွဲသွားခဲ့ပေမဲ့ လူထိခိုက် ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။

ချမ်းအေးသာစံမြို့နယ် ၈၄ လမ်း၊ လမ်း ၃၀ ထောင့်ကဆိုင်လည်း နေ့လယ်ပိုင်းက ဗုံးနဲ့ ထုခံခဲ့ရတာဖြစ်ပြီး ဆိုင်ရှေ့မှာ ပေါက်ကွဲမှုဖြစ်ကာ လူ ၅ ယောက်ထက်  မနည်း မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။

မန္တလေးမှာ တရက်တည်း ဇွဲထက်ရွှေဆိုင် ၂ ဆိုင် ဗုံးခွဲတိုက်ခိုက်ခံရတာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

4 months Ago
More News
Up