ဗုံးခွဲ သံသယဖြင့် ဖမ်းထားသူ ၂ ဦးကို ချုပ်ရက်တိုးပေးရန် ထိုင်းရဲတပ်ဖွဲ့ တောင်းဆို

September 6, 2015

ဗုံးခွဲ သံသယဖြင့် ဖမ်းထားသူ ၂ ဦးကို ချုပ်ရက်တိုးပေးရန် ထိုင်းရဲတပ်ဖွဲ့ တောင်းဆို

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဗုံးကွဲမှုနဲ့ပတ်သက်ပြီး သံသယနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံခြားသား ၂ ဦးကို ဆက်လက် စစ်ဆေးနေပြီး ချုပ်ရက် တိုးပေးဖို့ ရဲအဖွဲ့က တရားရုံးတခုမှာ စက်တင်ဘာ ၅ ရက်နေ့ လျှောက်ထားခဲ့ပါတယ်။ ထိုင်းဥပဒေအရ သံသယနဲ့ ဖမ်းဆီးထားသူကို ရုံးမထုတ်ခင် ၈၄ ရက်အထိ ရဲက ချုပ်ထားခွင့်ရှိပါတယ်။ သံသယနဲ့ ဖမ်းထားတဲ့ တဦးက အသက် ၂၈ နှစ်အရွယ် တူရကီနိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူ ဖြစ်ပြီး၊ နောက်တဦး ယူစူဖူ မီယာရိုင်လီ ဆိုတဲ့ တရုတ်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ကိုင်ထားတဲ့ နိုင်ငံကူး လက်မှတ်တွေ အတုအစစ်ဆိုတာကို ခွဲခြား စိစစ်ဖို့ လိုသေးတယ်လို့ ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရသူ ပရာဝပ် တာဝမ်စာရီက ပြောပါတယ်။ ပတ်စ်ပို့ မိတ္တူတွေကို တရုတ်နဲ့ တူရကီ အာဏာပိုင်တွေထံ ပို့ထားပြီး အစစ်တွေကို စစ်ဆေးနိုင်အောင် စက်တင်ဘာ ၇-၈ ရက်နေ့တွေမှာ  ဆက်ပို့သွားမယ်လို့ ဆိုပါတယ်။ စက်တာ ၇ ရက်နေ့ကျရင်လည်း နောက်ထပ် သံသယရှိသူ တဦးကို ၀ရမ်းထုတ်ဖို့် ရှိတယ်လို့လည်း ပြောပါတယ်။ ဒါပေမ့ယ် ဘယ်နိုင်ငံသား ဖြစ်မယ်ဆိုတာကိုတော့ ရဲအဖွဲ့က မပြောသေးပါဘူး။ လောလောဆယ် ဖမ်းဆီးထားတဲ့ နိုငိငံခြားသား ၂ ဦးရဲ့ ဒီအန်အေ မျိုးဗီဇနဲ့ ဧရာဝဏ် နတ်ကွန်း ဗုံးကွဲမှုအပြီး စုဆောင်းထားတဲ့ ဒီအန်အေတို့ အဆက်အစပ် မရှိဖြစ်နေတယ်လို့ ရဲ အဖွဲ့က စက်တင်ဘာ ၄ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် သူတို့ ၂ ဦးရဲ့ ဒီအန်အေဟာ ဘန်ကောက်မြို့ထဲက တိုက်ခန်းတခုထဲမှာ ဖမ်းဆီးမိခဲ့တဲ့ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ အဆက်အစပ် ရှိတယ်လို့ ဆိုပါတယ်။
6 years Ago
Up