ဗုံးခွဲ သံသယရှိသူအား ပို့ပေးသည့် တုပ်တုပ်သမားကို ရဲတပ်ဖွဲ့နှင့်ဆက်သွယ်ရန် ကမ်းလှမ်း

August 20, 2015

ဗုံးခွဲ သံသယရှိသူအား ပို့ပေးသည့် တုပ်တုပ်သမားကို ရဲတပ်ဖွဲ့နှင့်ဆက်သွယ်ရန် ကမ်းလှမ်း

ထိုင်းနိုင်ငံ ဘန်ကောက် ဧရာဝဏ် နတ်ကွန်း ပေါက်ကွဲမှုမှာ သံသယရှိသူကို တင်ဆောင်သွားတဲ့ တုပ်တုပ် မောင်းသမားအနေနဲ့ ရဲတပ်ဖွဲ့ကို ဆက်သွယ်ဖို့ ဘတ် ၃ သောင်း ပေးပြီး ကမ်းလှမ်းလိုက်ပါတယ်။ သြဂုတ် ၁၇ ရက် ညနေ ၆ နာရီခွဲကျော်မှာ အလိုရှိနေတဲ့ ဗုံးပေါက်ခွဲတယ်လို့ သံသယရှိသူကို ၃ ဘီး တက္ကဆီသမားက နတ်ကွန်း အနီး ရပ်ချပ်ပရာစောင်လမ်းပေါ်က ဂရင်းဟတ် ဧရာဝဏ် ဟိုတယ်ကို တင်ဆောင်သွားတယ်လို့ တွေ့ရှိခဲ့အပြီးမှာ အခုလို ကမ်းလှမ်းလိုက်တာလို့ ထိုင်း ဘန်ကောက်ပိုစ့် သတင်းမှာ ရေးပါတယ်။ တုပ်တုပ် မောင်းသမားအနေနဲ့ ရဲတပ်ဖွဲ့ကို ဆက်သွယ်ဖို့ တိုက်တွန်းထားသလို မောင်းတဲ့သူရဲ့ လုံခြုံရေးကို တာဝန်ယူပြီး ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို လျှို့ဝှက်ပေးထားမယ်လို့ ပြောပါတယ်။ သံသယရှိတဲ့ ဖောက်ခွဲရေးသမားဟာ အာရပ် ဒါမှမဟုတ် ကော့ကေးစီးယမ်း အနွယ်ဝင်ဖြစ်ပြီး အရပ် ၁၇၀ စင်တီမီတာရှည်တဲ့ အသက် ၂၀ နဲ့ ၃၀ အကြားရှိတယ်လို့ ဆိုပါတယ်။ အင်္ကျီအ၀ါကို ၀တ်ဆင်ထားပြီး မျက်မှန်တပ်ထားတဲ့ ဗုံးဖောက်ခွဲတယ်လို့ သံသယရှိသူဟာ  နတ်ကွန်းနားမှာ အထုတ်တထုပ်ကို ထားခဲ့တာ ဖြစ်ပါတယ်။ သံသယရှိတဲ့သူက မော်တော်ဆိုင်ကယ် တက္ကစီ သမားကို လုံပနီ ပန်းခြံကို ပို့ပေးဖို့ စာရွက်ပေါ်ကနေ တဆင့် ညွန်ကြားခဲ့တာ ဖြစ်ပါတယ်။
6 years Ago
Up