ပြီးခဲ့တဲ့ မတ် ၂၃ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဘယ်လ်ဂျီယမ်နိုင်ငံမြို့တော်၊ ဘရပ်ဆဲလ်လေဆိပ်တွင်း ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လတ်တလောမှာ လေကြောင်းလိုင်းတွေအားလုံးကို ရပ်ဆိုင်းထားကာ လာမယ့် ၂၉ ရက်နေ့နောက်ပိုင်းမှာ ပြန်ဖွင့်နိုင်ဖွယ်ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
လေဆိပ်တွင်း ပြည်ပထွက်ခွာဆောင်အနီးနေရာ ၂ နေရာမှာ ပေါက်ကွဲမှုကြောင့် လူ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတာပါ။
လေဆိပ်တွင်းဝင်ရောက်လာမယ့် လေကြောင်းခရီးစဉ်တွေကို ရွှေ့ဆိုင်းထားခဲ့ရကာ ဘရပ်ဆဲလ်လေဆိပ်မှ တခြားမြို့အသီးသီးကို သွားရောက်ကြမယ့် ခရီးသည်တွေကိုလည်း ခရီးစဉ်ပြောင်းလဲမှုတွေ လုပ်ခဲ့ရတယ်လို့ အန်ဘီစီသတင်းမှာ ဖော်ပြပါတယ်။
ဘရပ်ဆဲလ်လေဆိပ်ဟာ ဥရောပရဲ့ လေကြောင်းခရီးဆိုင်ရာ အဓိကဆုံချက်ဗဟို တခုဖြစ်ပြီး စတားအလိုင်းယဲန့်စ်လေကြောင်းလိုင်း အခြေစိုက်နေရာတခုလည်းဖြစ်ပါတယ်။
5 years Ago