ဗုံးခွဲတိုက်ခိုက်ခံရမှု

July 16, 2018

ပါကစ္စတန် မဲဆွယ်ယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၄၉ ဦးထိမြင့်တက်

ပါကစ္စတန်နိုင်ငံ ကေတာမြို့ မဲဆွယ်ပွဲယာဉ်တန်း အသေခံဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၄၉ ဦးအထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာရသူ ၁၈၆ ဦးရှိကြောင်း စီအန်အန်သတင်းအရ သိရပါတယ်။ အဲဒီ အသေခံဗုံးခွဲမှုမှာ ဖောက်ခွဲရေးပစ္စည်း ၈ ကီလိုဂရမ်ကနေ ၁ဝ ကီလိုဂရမ်အထိ အသုံးပြုခဲ့တယ်လို့ အရပ်ဘက်ကာကွယ်ရေး အကြီးအကဲက ဆိုပါတယ်။ ဘာလူချီစတန်ပြည်နယ် အစိုးရဟာ အဲဒီဖြစ်ရပ်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် နှစ်ရက်ကြာပြုလုပ်ဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ ပါကစ္စတန်နိုင်ငံ ဘာလူချီစတန်ပြည်နယ် ကေတာမြို့မှာ မဲဆွယ်ပွဲလုပ်နေတဲ့ ယာဉ်တန်းကို ဇူလိုင် ၁၃ ရက်နေ့က အသေခံဗုံးခွဲသမားတဦး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
3 years Ago
Up