ဗုံး

December 13, 2021

ဝါးခယ်မတွင် မပေါက်ကွဲသေးသည့် ဗုံး ၂ လုံးတွေ့ပြီးနောက် ဒေသခံ ၁၀ ဦးကျော် ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ဝါးခယ်မြို့နယ် လဝကရုံးမှာ ဒီဇင်ဘာ ၁၁ ရက်နေ့မနက်ပိုင်းက ဗုံး ၂ လုံးတွေ့ရှိပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေက ဒေသခံပြည်သူ ၁၀ ဦးကျော်ကို အပြစ်မဲ့ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ 

သံကြိုးတိုင်ရပ်ကွက်မှာရှိတဲ့ လဝကရုံးမှာ ဗုံးတွေ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေ ရောက်လာကာ ဗုံးကို အသက်မဲ့အောင်ပြုလုပ်ပြီး အဲ့ရပ်ကွက်ထဲက ဒေသခံပြည်သူ ၁၀ ဦးကျော်ကို အပြစ်မဲ့ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ 

“ဗုံးတွေ့တာလည်း သူတို့ ဝန်ထမ်းတွေပဲ တွေ့တာပါ၊ အစောင့်တွေလည်း ရှိတယ် ဝင်ဖို့မလွယ်ဘူးလေ။ အဲ့တာကို ဗုံးတွေ့တော့ ပြည်သူတွေကို စွပ်စွဲဖမ်းဆီးသွားတာ” လို့ ပြောပါတယ်။ 

ဗုံးတွေ့ပြီးနောက်တရက် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညပိုင်းမှာ အဲ့ဒီရပ်ကွက်ထဲက လူငယ် ၁၀ ဦးကျော်လောက်ကို ထပ်မံဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။ 

ဝါးခယ်မြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရသူ ၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။

1 month Ago

October 25, 2021

ပခုက္ကူတွင် ထောင်ထားသည့်ဗုံးဖြုတ်ရာမှ ပေါက်ကွဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ ရှောင်လမ်းထိပ် သုံးခွစုံနေရာမှာ ထောင်ထားတဲ့ ဗုံး ၄ လုံးကို စစ်ကောင်စီတပ်က ဒီနေ့မနက် ၈ နာရီလောက် လာဖြုတ်ချိန်မှာ ပေါက်ကွဲခဲ့တာကြောင့် တစ်ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

မျက်မြင်ဒေသခံတစ်ဦးက “ပခုက္ကူ မြို့ရှောင်လမ်းထိပ် လမ်းစုံနေရာမှာ  တောင်မြောက်လမ်းအရှေ့ဘက်ခြမ်းမှာ ၂ လုံး အရှေ့အနောက်လမ်း ညာဘက်ခြမ်းမှာ ၂ လုံး အစစ် ဗုံး ၄ လုံးထောင်ထားတာ။ လမ်းလယ်ခေါင်မှာက တြိဂံပုံစံ ပလက်ဖောင်းရှိတယ်။ အဲ့အပေါ်မှာ ‘ငါလိုးမသားစောက်ရူးတွေ’ လို့ စာထည့်ထားတဲ့ ဗုံးအတုကို PDF အဖွဲ့တွေက ထောင်ထားခဲ့တာ။ ဗုံးအတုကိုလာဖြုတ်ချိန်မှာ ဗုံးအစစ် ၄ လုံးထဲက ၃ လုံးထပေါက်ကွဲတာ” လို့ ပြောပါတယ်။

ဗုံးတွေကို Burmese Guerrilla Force နဲ့ Seven PDFက ထောင်ထားခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ 

ပခုက္ကူမြို့မှာ မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ၊ ည ၈ နာရီမှ မနက် ၄ နာရီအထိ အိမ်အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားတာပါ။

3 months Ago
More News
Up