အာဆီယူ ၁၈ ပြိုင်ပွဲ ဆီမီးဖိုင်ပွဲစဉ်မှာ မြန်မာ ယူ၁၈ အသင်းက မလေးရှားအသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး ဗိုလ်လုပွဲနဲ့ လွဲချော်သွားပါတယ်။
မြန်မာအသင်းအနေနဲ့ မလေးရှားအသင်းဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် တိုက်စစ်ကစားပုံ လိုအပ်မူတွေ ရှိတာကြောင့် ဂိုးရဖို့ရုန်းကန်ခဲ့ရပါတယ်။
ပထမပိုင်းမှာ ဖရီးကစ်ကနေ မြန်မာအသင်း ဦးဆောင်ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် တိုင်ထိထွက်ခဲ့လို့ နစ်နာခဲ့ရပါတယ်။
ဒုတိယပိုင်းမှာ နှစ်သင်းစလုံး ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးမရှိသရေရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။
ပွဲပြီးခါနီးမှာ မလေးရှားနောက်ခံလူတဦး ဂိုးဧရိယာထဲမှာ လက်ထိခဲ့ပေမယ့် ဒိုင်လူကြီးက မပေးခဲ့တာနဲ့ပတ်သက်ပြီး ဗွီဒီယိုဖိုင်ပြန်ကြည့်ပြီး ကန့်ကွက်သွားမယ်လို့ မြန်မာနည်းပြ ဘန်လာဘီက ပြောပါတယ်။
မလေးရှားနည်းပြကတော့ မြန်မာအသင်းက ဂိုးရမယ့်အခွင့်အရေး ပိုရခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာတော့ ကံတရားအတိုင်းသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဂိုးမရှိ သရေကျလို့ အချိန်ပိုဆက်မကစားတော့ပဲ ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ မလေးရှားက မြန်မာအသင်းကို ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
အာဆီယံယူ ၁၈ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲနဲ့တတိယလုပွဲတွေကို စက်တင်ဘာ ၁၇ ရက်မှာ ဆက်လက်ယှဉ်ပြိုင်ကြမှာပါ။
တတိယလုပွဲအဖြစ် စတင်ဘာ ၁၇ ရက် ညနေ ၃ နာရီမှာ မြန်မာနဲ့ အင်ဒိုနီးရှား၊ ဗိုလ်လုပွဲအဖြစ် ထိုင်းနဲ့မလေးရှားတို့က ညနေ ၆ နာရီ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
4 years Ago