ဗိုလ်ချုပ်းကြေးရုပ်

February 2, 2019

လွိုင်​​ကော်​မြို့တွင်​ ဗိုလ်​ချုပ်​​ကြေးရုပ်​ ​ထောက်​ခံပွဲနှင့် ဖွင့်ပွဲပြုလုပ်​ (ဓာတ်​ပုံ)

ကယား (ကရင်​နီ) ပြည်​နယ်​ လွိုင်​​ကော်​မြို့မှာ ဗိုလ်​ချုပ်​​ကြေးရုပ်​​မထားရှိဖို့ ကန့်​ကွက်​ဆန္ဒပြတာ​တွေ ရှိ​နေ​ပေမယ့် တန်​ပြန်​​ထောက်​ခံပွဲနဲ့ ​ကြေးရုပ်​ဖွင့်ပွဲကို ဂန္ဒာ​ဟေဝန်​ပန်းခြံမှာ ဒီ​နေ့ မနက်​ပိုင်းက ပြုလုပ်​ခဲ့ပါတယ်​။ ခုလို ဗိုလ်​ချုပ်​​ကြေးရုပ်​ထားရှိ​ရေးကို လူဦး​ရေ ၅၀၀ ​လောက်​က လွိုင်​​ကော်​မြို့​ပေါ်မှာ ​ထောက်​ခံလှည့်လည်​တာ​တွေ ပြုလုပ်​ခဲ့တာပါ။ ဒါ့အပြင်​ ဗိုလ်​ချုပ်​​ကြေးရုပ်​ဖြစ်​​မြောက်​​ရေး​ကော်​မတီအဖွဲ့က ဗိုလ်​ချုပ်​​ကြေးရုပ်​ကို ဖဲကြိုးဖြတ်​ဖွင့်လှစ်​ခဲ့ပြီး ပြည်​နယ်​ဝန်​ချုပ်​ ဦးအယ်​လ်​​ဖောင်းရှိုလည်း တက်ရောက်​ခဲ့ပါတယ်​။ အဆိုပါ ဗိုလ်​ချုပ်​​ကြေးရုပ်​ကို မထားရှိဖို့ ​​ဖေ​ဖော်​ဝါရီ ၁ ရက်​​နေ့က ထိုင်​သပိတ်​ဆင်​နွှဲခဲ့တဲ့ ကရင်​နီလူငယ်​ ၂၀ ဦးကို လွိုင်​​ကော်​မြို့နယ်​ ရဲစခန်းက ငြိမ်းစုစီ ပုဒ်​မ ၁၉ နဲ့ တရားစွဲဆိုထားပါတယ်​။ သတင်း၊ ဓာတ်​ပုံ- ခွန်းတူးတူး​လေး
2 years Ago
Up