ဗုဒ္ဓမြတ်စွာဘုရား ဖွားတော်မူနေ့

June 4, 2015

ဗုဒ္ဓစာပေသင်ရိုး အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းရန် စာချသံဃာများ အကြံပြု

ဗုဒ္ဓစာပေတွေကို အင်္ဂလိပ်ဘာသာ ပြန်ကြားရာမှာ အခက်အခဲ မရှိစေဖို့အတွက် ပထမငယ်နဲ့ ပထမကြီးတန်းတွေမှာ အင်္ဂလိပ်ဘာသာနဲ့ ပြဋ္ဌာန်းသင့်တယ်လို့ စာချဆရာတော်တွေက မိန့်ကြားပါတယ်။ ရဟန်းသံဃာတော်တွေ ပထမဆုံး တက်ရောက်ရတဲ့ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းတွေရဲ့ ဘာသာရပ်တွေမှာ အင်္ဂလိပ်ဘာသာနဲ့ ပြဋ္ဌာန်းသင့်ပြီလို့ စာချဆရာတော်တွေက ထောက်ပြအကြံပြုလိုက်တာပါ။ ရန်ကုန်မြို့ ဓမ္မဒူတကောလိပ်က စာချဆရာတော် ဒေါက်တာအရှင်သာဓိနက ဗုဒ္ဓစာပေကို နိုင်ငံခြားသားတွေက ဘာသာပြန်ရာမှာ မြတ်စွာဘုရားရဲ့ ဆိုလိုချက်တွေနဲ့ ကွဲလွဲတာတွေ ရှိတာကြောင့် အခုလို အင်္ဂလိပ်ဘာသာနဲ့ ပြဋ္ဌာန်းဖို့ အကြံပြုတာလို့ မိန့်ပါတယ်။ မြန်မာနိုင်ငံမှာ သံဃာတော်တွေကို စာပေသင်ကြားပေးနေတဲ့ ဗုဒ္ဓတက္ကသိုလ်တွေ ရှိနေပေမယ့် သံဃာအရေအတွက်နဲ့ နှိုင်းယှဉ်ရင် လိုအပ်ချက်ရှိနေဆဲပဲလို့ ဆရာတော်တွေက မိန့်ကြားပါတယ်။ အပြည့်အစုံ ရုပ်သံကြည့်ရှုရန်  
7 years Ago

May 5, 2015

နီပေါငလျင်အပျက်အစီးကြားက ဗုဒ္ဓမြတ်စွာဘုရား ဖွားတော်မူနေ့ အထိမ်းအမှတ်ပွဲ (ရုပ်သံ)

နီပေါမြို့တော် ခတ္တမန္ဒူက ဒေသခံတွေက ငလျင်ဒဏ် ခံခဲ့ရပေမယ့် မေ ၄ ရက်နေ့က ဗုဒ္ဓမြတ်စွာဘုရား ဖွားတော်မူတဲ့နေ့ အထိမ်းအမှတ်ပွဲတွေကို ကျင်းပခဲ့ကြပါတယ်။ ဒီပွဲတော်ဟာ အရင်ကတော့ ကဿပဘုရားရှင်ရဲ့ ဓာတ်တော်မွေတော်တွေ ထိန်းသိမ်း ထားတယ်လို့ ပြောကြတဲ့ အထွဋ်မြတ်ဆုံး ဘုရားကျောင်းတွေထဲက တခုလို့ တင်စားကြတဲ့ ဘောင်ဒနတ်သ် ဘုရားကျောင်းမှာ ကျင်းပလေ့ ရှိပြီး ထောင်နဲ့ချီတဲ့ ဗုဒ္ဓဘာသာဝင်တွေ လာရောက်လေ့ ရှိပါတယ် ဒါပေမယ့် ပြီးခဲ့တဲ့ ဧပြီ ၂၅ရက်နေ့က နီပေါမှာ ပြင်းအား ရစ်ချတ်တာ စကေးလ် ၇ ဒသာမ ၈ ရှိတဲ့ ငလျင်ကြောင့် လူအယောက် ၇၀၀၀ ကျော် သေဆုံးခဲ့ပြီးလို့ ပွဲတော်က မထင်မရှားသာ ကျင်းပခဲ့ကြပါတယ်။ ငလျင်ကြောင့် မြို့တော် က အဆောက်အဦတွေ ပျက်စီးပြီး ထောင်သောင်း ချီနေတဲ့ လူတွေ အိမ်ခြေမဲ့ ဖြစ်ခဲ့ရပါတယ်။ နိုင်ငံတလွှား ကျယ်ပြန့်တဲ့ ဒေသတွေမှာ ရွာတွေ ပြားပြားဝပ် ပျက်စီးခဲ့ ပါတယ်။ အပျက်အစီး များခဲ့ပေမယ့် ဒေသခံ ဗုဒ္ဓဘာသာဝင်တွေကတော့ ဘုရားပုထိုးတွေ ဝန်းကျင်မှာ ဆုတောင်း ဝတ်ပြု ပူဇော်နေကြဆဲပါ။ ကဆုန်လပြည့်နေ့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၅၀ လောက်က ပွင့်ခဲ့တဲ့ ဘုရားရှင် ဗျာဒိတ်ယူတဲ့နေ့၊ ဖွားမြင်တော်မူတဲ့နေ့၊ ဘုရားအဖြစ် ဆိုက်ရောက်ရာနေ့တို့ ဖြစ်သလို ပရိနိဗ္ဗာန် စံတော်မူသောနေ့ ဖြစ်လို့ မြင့်မြတ်တဲ့နေ့အဖြစ် ဗုဒ္ဓဘာသာဝင်တွေက အလေးအမြတ် ထားကြ ပါတယ်။ နီပေါ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ငလျင်ကြောင့် လူအယောက် ၁၀၀၀၀ လောက် သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အစိုးရက ညွှန်ပြ ထားတဲ့ ကိန်းဂဏန်းတွေအရ နီပေါဆိုင်ရာ ငလျင်ကြောင့် သေဆုံးသူ ၇၂၇၈ ယောက် ပါပေမယ့် ဒါဇင်နဲ့ ချီတဲ့ နိုင်ငံတွေကတော့ သူတို့ နိုင်ငံသား ဒဏ်ရာရသူတွေကို ရှာဖို့ ကယ်ဆယ်ရေးအဖွဲ့တွေ လွှတ်ခဲ့ကြပါတယ်။ ငလျင်ကြောင့် နီပေါအစိုးရက ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြီးဆုံးခါနီးပြီလို့ ပြောခဲ့ပါတယ်။ နီပေါနိုင်ငံတွင်း ပြည်သူ ၂၈ သန်း ရှိရာက ၈ သန်းလောက် ငလျင်ဒဏ် ခံခဲ့ရတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ ကျန်နေတဲ့လူ အနည်းဆုံး ၂ သန်းက ရွက်ဖျင်တဲ၊ ရေ၊ အစားနဲ့ ဆေးတွေ လာမယ့် ၃ လစာ အတွက် ရှိနေတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
7 years Ago
Up