ဗုဒ္ဓတရားတော်ကို ဖြန်ချိပေးနေသည့် စက်ရုပ်ကိုရင်လေး (ရုပ်သံ)

A d v e r t i s e m e n t With Us

April 29, 2016

ဗုဒ္ဓတရားတော်ကို ဖြန်ချိပေးနေသည့် စက်ရုပ်ကိုရင်လေး (ရုပ်သံ)

တရုတ်နိုင်ငံ ဘီဂျင်း ဆင်ခြေဖုန်းမှာရှိတဲ့ လောင်ကွန်ဘုရားကျောင်းမှာတော့ စက်ရုံကို အသုံးပြုပြီး ဗုဒ္ဓရဲ့တရားတော်တွေကို ဖြန့်ချိနေပါတယ်။ စက်ရုပ် ကိုရင်လေးက ဘုရားစာတွေကို ဆိုတတ်သလို အမိန့်ပေးရင် ရွေ့လျားနိုင်ပြီး ရိုးရိုးရှင်းရှင်းနဲ့ စကားပြောလို့ ရကြောင်း ရိုက်တာ သတင်းက ရေးပါတယ်။ ၂ လက်မလောက် အရပ်အမြင့်ရှိတဲ့ Xian'er ဆိုတဲ့ စက်ရုပ်ငယ်လေးဟာ သင်္ကန်းဝတ်ထားပြီး သူရဲ့ရင်ဘတ်မှာတော့ ထိတွေ့လို့ ဖန်သားမျက်နှာပြင်လည်း ပါရှိပါတယ်။ သူ့ကို ဖန်တီးတဲ့ ဆရာဘယ်သူလဲလို့ မေးရင် ဆရာတွေ အများကြီးရှိတဲ့အတွက် ဘယ်တယောက်လဲလို့ Xian’er က ဖြေပါတယ်။ မေးခွန်း ၂၀ လောက်ကို ဖြေတတ်ပြီး ဘီးပေါ်မှာ အခြေခံကာ ရှေ့သွား ဘေးလှည့် စတဲ့ လှုပ်ရှားမှု ၇ ခုလောက် လုပ်တတ်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာနဲ့ သိပ္ပံကို ပေါင်းစပ်တာဖြစ်ပြီး ဗုဒ္ဓ၀ါဒဟာ တစုံတခုနဲ့ ဆန့်ကျင် မနေသလို သဟဇာတရှိရှိ ပေါင်းဖက်လို့ ရတယ်လို့ ဆရာတော်Xianfanက ပြောပါတယ်။ နည်းပညာ ကုမ္ပဏီ အကူအညီနဲ့ စက်ရုပ်ကို ဘုန်းတော်ကြီးကျောင်းက သံဃာတော်တွေက တီထွင်ခဲ့တာဖြစ်ပြီး အရင်နှစ် အောက်တိုဘာလက စတင် ပြသခဲ့တာ ဖြစ်ပါတယ်။
5 years Ago
Up