ဗုဒ္ဓဂါယာသွားမည့် လေယာဉ်တစီး မီးခိုးငွေ့များထွက်၍ ချင်းမိုင်တွင် အရေးပေါ်ဆင်းသက်

October 3, 2017

ဗုဒ္ဓဂါယာသွားမည့် လေယာဉ်တစီး မီးခိုးငွေ့များထွက်၍ ချင်းမိုင်တွင် အရေးပေါ်ဆင်းသက်

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကနေ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာကိုသွားမယ့် ဂျက်စတားပစိဖစ် (Jet Star Pacific) လေကြောင်းလိုင်း လေယာဉ်တစီး မနေ့မနက်က ထိုင်းနိုင်ငံ နိုင်ငံတကာလေဆိပ်မှာ အရေးပေါ် သက်ဆင်းခဲ့ရပါတယ်။ အဲဒီလေယာဉ်ပေါ်မှာ ခရီးသည် ၁၈၈ ဦး စီးနင်းလိုက်ပါလာပြီး ခရီးဆောင်အိတ်တွေ တင်ဆောင်လာတဲ့ အောက်ခန်းကနေ မီးခိုးငွေ့တွေ ထွက်လာတာကြောင့် မနေ့မနက် ၁၁ နာရီ ၁၀ မိနစ်အချိန် ချင်းမိုင်လေဆိပ်မှာ ဆင်းသက်ခဲ့ရတာပါ။ လေယာဉ်ဝန်ထမ်းနဲ့ ထိုင်းလေဆိပ်လုံခြုံရေး အဖွဲ့တွေက ခရီးဆောင်အိတ်အားလုံးနဲ့ ခရီးသည်တဦးချင်းစီကို အိတ်စ်ရေးရိုက်ကာ ပြန်လည်စစ်ဆေးပြီး မီးခိုးတွေဟာ ခရီးဆောင်အိတ်တလုံးတွင်းရှိ Power Bank ခေါ် ဖုံးဘက်ထရီအားသွင်းပစ္စည်း ပူပြီး လောင်ကျွမ်းတာကြောင့် ဖြစ်နိုင်တယ်လို့ ကနဦး ယူဆထားကြပါတယ်။ အခုအဖြစ်အပျက်နဲ့ ပတ်သက်လို့ လေယာဉ်စစ်ဆေးမှု ပြီးစီးသွားတဲ့အတွက် ခရီးသည်တွေ တင်ဆောင်ပြီး လိုရာခရီး ပြန်လည်ထွက်ခွာ ပျံသန်းခဲ့ပြီး မီးခိုးငွေ့ထွက်ရတဲ့ အကြောင်းရင်းကိုတော့ ဆက်လက်စုံစမ်းမှာဖြစ်တယ်လို့ သိရပါတယ်။
4 years Ago
Up